၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းထားသူဟာ အရင်နှစ်ထက် များပြားခဲ့ တယ်လို့ ပညာရေးဝန်ကြီးဌာနက သိရပါတယ်။လက်ရှိအချိန်ထိ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုဖို့ စာရင်းပေးသွင်းသူ ကျောင်းသား၊ ကျောင်းသူ ၂၂၀၀၀၀ ဝန်းကျင်ရှိပြီး အရင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ စာရင်းပေးသွင်းသူဟာ တစ်သိန်း လေးသောင်းကျော်သာ ရှိခဲ့တာပါ။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမယ့်သူတွေဟာ အခြေခံပညာကျောင်းတွေက ကျောင်းသား/ ကျောင်းသူ တွေ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေနဲ့ ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းတွေက ကျောင်းသား/ ကျောင်းသူတွေ ပါဝင်တယ်လို့ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ လာမယ့် မတ်လ ၁၇ ရက်ကနေ ၂၂ ရက်အထိ မိမိတို့ယူထားတဲ့ ဘာသာတွဲအလိုက် ပိတ်ရက်မရှိ ဖြေဆိုရမှာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ ဝင်ရောက်ဖြေဆိုခဲ့သူဟာ တစ်သိန်း နှစ်သောင်းကျော် ရှိပြီး ခုနစ်သောင်း လေးထောင်ကျော် အောင်မြင်ခဲ့ကာ အောင်ချက်ရာခိုင်နှုန်းအနေနဲ့ ၅၉ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ သိရပါတယ်။