မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာတွေ ပျက်စီးခဲ့ရတဲ့အတွက် တက္ကသိုလ်ဝင် စာမေးပွဲ ပြန်လည်ကျင်းပရာမှာ ပြန်လည်ဖြေဆိုကြမယ့် ကျောင်းသားကျောင်းသူပေါင်း ခြောက်သောင်းသုံးထောင်ခန့် ရှိတယ်လို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက သိရပါတယ်။

ပြီးခဲ့တဲ မတ်လ(၂၈)ရက်က မန္တလေးမြိုကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင် ပြိုကျပျက်စီးခဲ့သလို နောက်ဆက်တွဲအဖြစ် မီးလောင်မှုပါ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။မီးလောင်မှုကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်ကို ရောက်ရှိနေတဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာတွေ ဖြစ်တဲ့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တွေက ဖြေဆိုသူဦးရေ ၆၂၉၅၄ ယောက်ရဲ့ အဖြေလွှာအုပ်ရေ ၃၇၆၉၅၆ အုပ်တိုဟာ မီးလောင်ပျက်စီး ဆုံးရှုးခဲ့ရတယ်လို ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

အဲဒါကြောင့် အဖြေလွှာတွေ မီးလောင်ပျက်စီးသွားတဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေအတွက် တက္ကသိုလ်ဝင် စာမေးပွဲကို လာမယ့် ဇွန်လ ၁၆ ရက်ကနေ ၂၁ ရက်ထိ ပိတ်ရက်မရှိ ပြန်လည်ကျင်းပ စစ်ဆေးသွားမှာပါ။စာမေးပွဲ ပြန်လည်ဖြေဆိုကြမယ့် ကျောင်းသားကျောင်းသူတွေအတွက် လိုအပ်တဲ့ စာအုပ်တွေနဲ့ တခြား လိုအပ် တာတွေကို နိုင်ငံတော်က ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမဲ့ ကျောင်းသားကျောင်းသူများအတွက် သတ်မှတ်ထားတဲ့ ကျောင်းတွေမှာ တက္ကသိုလ်ပါမောက္ခတွေ၊ ကထိကတွေနဲ့ အခြေခံပညာကျောင်းတွေက ဆရာဆရာမတွေက ဘာသာရပ်အလိုက် အနီးကပ် ပိုချတာတွေ ပြုလုပ်နေတယ်လို သိရပါတယ်။