မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာတွေ ပျက်စီးသွားတဲ့ ဒေသတွေက တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆို ရမယ့် ကျောင်းသား၊ ကျောင်းသူတွေအတွက် လိုအပ်တဲ့ စာရေးကိရိယာတွေနဲ့ ကျောင်းသုံးပစ္စည်းတွေကို ပညာရေးဝန်ကြီးဌာနက ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊

စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေနဲ့ ကချင်ပြည်နယ်တွေမှာ တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာစုံဖြေဆိုထားတဲ့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆ သောင်း ၃ ထောင်လောက် ရှိပြီး အဲဒီ ကျောင်းသား၊ ကျောင်းသူတွေအတွက် လိုအပ်တဲ့ စာရေးကိရိယာတွေကို ထောက်ပံ့ပေးသွားမှာ ဖြစ် တယ်လို့ ဆိုပါတယ်၊၊တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူတွေအတွက် သတ်မှတ်ထားတဲ့ ကျောင်း တွေမှာ တက္ကသိုလ်တွေက ဒုတိယပါမောက္ခချုပ်တွေ၊ ပါမောက္ခတွေ၊ တွဲဖက်ပါမောက္ခတွေနဲ့ ကထိကတွေက လာရောက်ပြီး သင်ကြားပို့ချပေးသွားမှာဖြစ်သလို အခြေခံပညာ ဆရာ၊ ဆရာမတွေကလည်း ဆက်လက် သင်ကြား လေ့ကျင့်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်၊၊

ငလျင်ဒဏ်ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာတွေကို စာစစ်လုပ်ငန်းဆောင်ရွက်နေတဲ့ မန္တလေး တက္ကသိုလ် ပင်မအဆောက်အအုံ ထိခိုက်ပျက်စီးပြီး အဖြေလွှာတွေ မီးလောင်ဆုံးရှုံးခဲ့တာကြောင့် တက္ကသိုလ်ဝင် စာမေးပွဲကို ဇွန်လ ၁၆ ရက်ကနေ ၂၁ ရက်အထိ ပိတ်ရက်မရှိ ပြန်လည်ဖြေဆိုနိုင်ဖို့ ထုတ်ပြန်ထားပြီးဖြစ်ရာ ကျောင်းသား၊ ကျောင်းသူတွေအတွက် မျှတမှုရှိစေဖို့အတွက် အခုလို ပြန်လည်ဖြေဆိုစေတာဖြစ်တယ်လို့ သိရ ပါတယ်။ဒါ့အပြင် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရမယ့် ကျောင်းသား ကျောင်းသူတွေအတွက်လည်း လေ့ကျင့် သင်ကြားရေးစခန်းတွေ ဖွင့်လှစ်ပြီး Revision Class တွေနဲ့ အနီးကပ်သင်ကြားပြသပေးနေတယ်လို့လည်း ပညာရေးဝန်ကြီးဌာနက သိရပါတယ်။