လာမယ့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာလည်း စနစ်ဟောင်း နဝမတန်းအောင်မြင်ပြီး အကြောင်း အမျိုးမျိုးကြောင့် ဖြေဆိုခဲ့တာ မရှိတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ စနစ်ဟောင်း/စနစ်သစ် တက္ကသိုလ် ဝင်စာမေးပွဲ ကျရှုံးသူတွေကို ပြင်ပဖြေအဖြစ် ဝင်ရောက်ဖြေဆိုနိုင်တယ်လို့ ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲကို ပြင်ပဖြေအဖြစ် ဝင်ရောက်ဖြေဆိုမယ့်သူတွေအနေနဲ့ စနစ်သစ် ဘာသာတွဲတွေအနက် တစ်ခုကို ရွေးချယ်လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ စတင်ကျင်းပတဲ့ စနစ်သစ် Grade 12 အဆင့် တက္ကသိုလ်ဝင်စာမေးပွဲမှာ စနစ်ဟောင်း နဝမတန်း အောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့တာ မရှိတဲ့ ကျောင်းသား ကျောင်းသူတွေ နဲ့ စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူတွေကို ပြင်ပဖြေအဖြစ် ဝင်ရောက်ဖြေဆိုခွင့် ပြုခဲ့ပါတယ်။
ဒါ့အပြင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ နိုင်ငံခြား စာစစ်ဌာန အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ ဖြေဆိုသူ ဦးရေ ၁၂၈၈၂၀ ယောက် ဝင်ရောက် ဖြေဆိုရာ အောင်မြင်သူ ဦးရေ ၇၄၅၉၂ ယောက် ရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၅၇ ဒသမ ၉၀ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။