စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ကြောင့် ကျောင်းတွေ ထိခိုက်ပျက်စီး ဆုံးရှုံးမှုရှိခဲ့ပြီး ပျက်စီးသွားတဲ့ စာသင်ကျောင်းတွေ ပြန်လည်ပြုပြင်ဖို့အတွက် ကျပ်(၁၉)ဘီလီယံလောက် လိုအပ်တယ်လို့ စစ်ကိုင်းတိုင်းဒေသ ကြီး ပညာရေးမှူးရုံးကနေ သိရပါတယ်။ကျောင်းတွေ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့တာကြောင့် ကျောင်းသား၊ ကျောင်းသူပေါင်း တစ်သောင်း ခုနစ်ထောင်ကျော် အတွက် ပညာသင်ကြားမှု ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

မေလ (၂၈) ရက်က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက အခြေခံ ပညာ ရေးဌာန၊ ကျောင်းနဲ့ ရုံးအဆောက်အဦ (၅၈)ခု ထိခိုက်ပျက်စီးမှု ရှိခဲ့ပြီး လူသေဆုံးသူတွေလည်း ရှိခဲ့တာပါ။ဒါ့အပြင် စာသင်ကျောင်းဆောင်တွေ ပြန်လည်ပြင်ဆင်တည်ဆောက်နေစဉ်ကာလအတွင်း ယာယီစာသင်ကျောင်း ဆောင်တွေကို လာမယ့်စာ သင်နှစ်မတိုင်မီ ဆောက်လုပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။