ငလျင်ဒဏ်သင့်ပြည်သူတွေ လတ်တလော ကာလတိုနေထိုင်နိုင်ဖို့အတွက် ကွန်တိန်နာအိမ်ငယ်တွေ လိုအပ်နေ တယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်က ပြောပါတယ်။ ဧပြီ ၈ ရက်က ငလျင်ဒဏ်သင့်ကျောက်ဆည်မြို့ကို လာရောက်ချိန်မှာ ဒုတိယဗိုလ်ချုပ်ကြီးမျိုးသန့်နိုင်က အခုလို ပြောကြားခဲ့တာပါ။လက်ရှိမှာ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတဲ့ နေအိမ်၊ တိုက်တာအဆောက်အအုံတွေ ပြန်လည် မတည်ဆောက်နိုင်မီ ကြားကာလတွေမှာ ကွန်တိန်နာအိမ်ငယ်တွေနဲ့ ယာယီနေထိုင်နိုင်ရေး ဆောင်ရွက်ပေးကြဖို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားထားတယ်လို့ ဆိုပါတယ်။

ကွန်တိန်အိမ်ငယ်တစ်လုံးရဲ့ တန်ဖိုးဟာ လက်ရှိ ပေါက်ဈေးအရ ခန့်မှန်း ကျပ်သိန်း ၁၀၀ ဖြစ်ပြီး အိမ်သာပါဝင်ရင် သိန်း ၁၂၀ အထိ ကုန်ကျနိုင်တယ်လို့ သိရပါတယ်။ ငလျင်ဒဏ်ကြောင့် အဆောက်အဦ ပျက်စီးဆုံးရှုံးမှု များတဲ့အတွက် ကွန်တိန်နာအိမ်ငယ်တွေ ဆောက်လုပ်ပေးနိုင် ဖို့ အလှူရှင်များစွာ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။ အိမ်အစားထိုး ကွန်တိန်နာအိမ်ငယ်တွေဟာ ဆောက်ရ တာလွယ်ကူပြီး ပြန်လည်ဖြုတ်သိမ်းဖို့လည်း လွယ်ကူတယ်လို့ သိရပါတယ်။