စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့စာသင်ကျောင်းနေရာတွေမှာ ယာယီကျောင်းဆောင်တွေ ဆောက်လုပ်နေပြီဖြစ်တယ်လို သိရပါတယ်၊၊ယာယီကျောင်းဆောင်၄၅ဆောင်ကိုလာမယ့်ကျောင်းဖွင့်ချိန်အမီဆောက်လုပ်နေတာဖြစ်ပြီး ထိခိုက်မှုများတဲ့စစ်ကိုင်းမြိုနယ်ထဲကယာယီကျောင်းဆောင်တွေကိုပြီးခဲ့တဲ့ ဧပြီလ ၂၅ရက်နေ့ကတည်းကဆောက်လုပ်နေတာဖြစ်ပါတယ်။

စစ်ကိုင်းမြိုနယ်မှာ စာသင်ကျောင်းတွေထိခိုက်ပျက်စီးမှုများခဲ့တဲ့အတွက် ယာယီကျောင်းဆောင်တွေကိုဆောက်လုပ်တာအပြင်ကျောင်းဖွင့်ချိန်မှာစာသင်ချိန်၂ချိန် ခွဲကာသင်ကြားပေးသွားမှာဖြစ်တယ်လိုဆိုပါတယ်။စာသင်ချိန်၂ချိန်ခွဲထားတဲ့အတွက် လိုအပ်တဲ့ဆရာ၊ဆရာမဦးရေကိုလည်းထပ်တိုးခန့်သွားမှာဖြစ်ပြီး ဝန်ထမ်းတွေနေထိုင်နိုင်ဖိုကိုလည်းစီစဥ်ဆောင်ရွက်နေတယ်လိုသိရပါတယ်။

ငလျင်ကြောင့် စာသင်ကျောင်းထိခိုက်ပျက်စီးမှုများတဲ့စစ်ကိုင်းမြိုနယ်ထဲမှာ ယာယီကျောင်းဆောင်၄၄ဆောင် ဆောက်လုပ်နေပြီးမုံရွာမှာလည်းယာယီကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်နေတာပါ။ကျောင်းဖွင့်ချိန်မှာ ကျောင်းဆောင်လိုအပ်ချက်ရှိလာရင်မြေနေရာအနေအထားပေါ်မူတည်ပြီးဆောက်လုပ်ပေးသွားမယ်လိုလည်းသိရပါတယ်။