အမျိုးသမီးတွေရဲ့ ပညာရေးကဏ္ဍ ပိုမိုမြင့်မားလာရေးအတွက် အလေးထားဆောင်ရွက်ပေးကြဖို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ဇူလိုင် ၃ ရက်နေ့က ကျင်းပခဲ့တဲ့ မြန်မာအမျိုးသမီးများနေ့အခမ်းအနားမှာ Video Message နဲ့ မိန့်ခွန်းပြောကြားရာမှာ အခုလို ပြောကြားလိုက် တာပါ။

အသက် ၂၅ နှစ်နဲ့အထက် လူဦးရေရဲ့ အမြင့်ဆုံးအောင်မြင်ပြီးစီးခဲ့တဲ့ အတန်းပညာကို စစ်တမ်းကောက်ယူခဲ့ရာမှာ ပညာရေးကွင်းဆက်တစ်လျှောက် ကျောင်းထွက်မှုနှုန်း များပြားပြီး ပညာတတ်သူ နည်းပါးလာမယ့် အခြေအနေ ဖြစ်တဲ့အတွက် ပညာရေးမြှင့်တင်မှုလုပ်ငန်းတွေကို အလေးပေးဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း အစီရင်ခံစာအရ နိုင်ငံတစ်ဝန်း ကျောင်းလုံးဝမနေဖူးသူအဖြစ် အမျိုးသား ၁၀၀ မှာ ၆ ဒသမ ၅ ယောက်နဲ့ အမျိုးသမီး ၁၀၀ မှာ ၉ ဒသမ ၄ ယောက်ရှိတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။