ရခိုင်ပြည်နယ်မှာတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမဲ့ကျောင်းသားကျောင်းသူတွေကိုပြည်နယ်အစိုးရအဖွဲ့ကဆိုလာမီးအိမ်များထောက်ပံ့ပေးသွားမယ်လို့ပြည်နယ်ပညာရေးမှူးရုံးကနေသိရပါတယ်။ရခိုင်ပြည်နယ်အတွင်း၂၀၂၅ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲအတွက်စာစစ်ဌာန(၈)ခုဖွင့်လှစ်ထားပြီးစစ်တွေမြို့မှာစာစစ်ဌာနလေးခု၊ကျောက်ဖြူမြို့နယ်မှာစာစစ်ဌာနနှစ်ခု၊မာန်အောင်မြို့နယ်မှာစာစစ်ဌာနနှစ်ခုဖြစ်ပါတယ်။

ပြည်နယ်အတွင်းတက္ကသိုလ်ဝင်တန်းဖြေဆိုကြမဲ့ကျောင်းသားကျောင်းသူတွေစိတ်အေးချမ်းစွာဖြေဆိုနိုင်ကြစေဖို့အတွက်အစိုးရအဖွဲ့ကစီစဉ်ဆောင်ရွက်ထားရှိတာနဲ့ပတ်သက်ပြီးပြည်နယ်ပညာရေးမှူးဒေါက်တာထွန်းထွန်းသိန်းကပြောပါတယ်။ပြီးခဲ့တဲ့မတ်လ(၅)ရက်နေ့ကလည်းရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းဟာ၂၀၂၅ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနများရဲ့ကြီးကြပ်ရေးမှူး၊လက်ထောက်ကြီးကြပ်ရေးမှူးတွေနဲ့အခန်းစောင့်ဆရာ၊ဆရာမတွေကိုတွေ့ဆုံခဲ့ပြီးတက္ကသိုလ်ဝင်စာမေးပွဲကိုအေးအေးချမ်းချမ်းနဲ့အောင်အောင်မြင်မြင်ကျင်းပနိုင်ရေးအတွက်ဆောင်ရွက်ကြဖို့မှာကြားခဲ့တယ်လို့သိရပါတယ်။

ပြည်နယ်အတွင်းရှိစာစစ်ဌာနအသီးသီးမှာဝင်ရောက်ဖြေဆိုကြမဲ့ကျောင်းသားကျောင်းသူတွေက စစ်တွေမြို့နယ်မှာ(၆၉၉)ဦး၊ကျောက်ဖြူမြို့နယ်မှာ(၈၃၄)ဦးနဲ့မာန်အောင်မြို့နယ်မှာဆိုရင်(၅၆၄)ဦးတို့ဝင်ရောက်ဖြေဆိုကြမှာဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့၂၀၂၄ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲမှာကျောင်းသားကျောင်းသူတစ်သောင်းရှစ်ထောင်ကျော်ဝင်ရောက်ဖြေဆိုခဲ့ပြီးအောင်မြင်ခဲ့သူ(၅၂၅၃)ယောက်အနက်ဂုဏ်ထူးရရှိသူ(၁၃၀၃)ယောက်ရှိခဲ့တယ်လို့သိရပါတယ်။