၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ မကွေးတိုင်းဒေသကြီးအတွင်း မကွေးမြို့နယ်နဲ့ ပခုက္ကူမြို့နယ်တွေမှာ ကျောင်းပြင်ပ အလယ်တန်းပညာရေးကို အဆင့်တိုးမြှင့်သင်ကြားပေးနေတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၈ ရက်၊ မနက်ပိုင်းက မကွေးမြို့ စုပေါင်းရုံးခန်းမမှာကျင်းပတဲ့ မကွေးတိုင်းဒေသကြီး ၂၀၂၄ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကသိရတာပါ။

မကွေးတိုင်းအတွင်းမှာ စာတတ်မြောက်ရေးလှုပ်ရှားမှုအဖြစ် အခု ၂၀၂၄ ခုနစ် ဧပြီလနဲ့ မေလအတွင်းက မကွေး၊ သရက်၊ အောင်လံမြို့နယ်တွေမှာ စာသင်သား ၁၇၀၀ ကျော်ကို အခြေခံစာတတ်မြောက်ရေးအတွက် ဆောင်ရွက် နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။