အခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း အခြေခံပညာကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူ ၇ သန်းကျော်အတွက် ဗလာစာအုပ်တွေထောက်ပံ့ဖို့ ကျပ် ၅၃ ဒသမ ၉ ဘီလီယံကျော်အသုံးပြုဖို့လျာထားခဲ့တယ်လို့ ၂၀၂၄- ၂၀၂၅ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အခြေခံပညာကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်ကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ မူလတန်း ကျောင်းသား၊ ကျောင်းသူတွေကို ကျောင်းဝတ်စုံထောက်ပံ့ဖို့အတွက် ကျပ် ၂၄ ဒသမ ၆ ဘီလီယံကျော် သုံးစွဲဖို့လျာထားခဲ့ပါတယ်။ အခုဘဏ္ဍာနှစ်မှာ အခြေခံပညာကျောင်းနဲ့ ဘုန်းတော်ကြီးသင်ကျောင်းတွေက မူလတန်း ၊ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသားကျောင်းသူတွေကို ခဲတံ ၊ ဘောလ်ပင်တွေ ထောက်ပံ့ဖို့အတွက် ကျပ် ၅ ဒသမ ၆ ဘီလီယံ ကျော်သုံးစွဲဖို့လျာထားခဲ့တယ်လို့ သိရပါတယ်။

ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေမြဲဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေ ထောက်ပံ့တာ ၊ အခြေခံ ကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်ကျောင်းတွေအတွက်လည်း ကျောင်းဖွံ့ဖြို့တိုးတက်မှု အစီအစဉ်အရ School Improvement Support Programm(SISP) နဲ့ ကျောင်းထောက်ပံ့ကြေးတို့အတွက်လည်း ကျပ် ၅၂ ဒသမ ၅ သန်းကျော် သုံးစွဲဖို့လျာထားခဲ့တယ်လို့ဆိုပါတယ်။အခု ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေအားလုံး ဇွန်လ ၃ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပြီး တစ်နိုင်ငံလုံးမှာ ကျောင်းအပ်နှံတဲ့ ကျောင်းသားကျောင်းသူ ၆၈ သိန်း နီးပါးရှိတယ်လို့ ပညာရေးဝန်ကြီးဌာနက သိရပါတယ်။