ပုဂ္ဂလိကကျောင်းတွေမှာ ကျောင်းဝင်သင်တန်းကြေးတွေ တစ်ပြေးညီ သတ်မှတ်ဖို့က အဆင်ပြေမှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံ ကိုယ်ပိုင်ကျောင်းများအသင်း ဥက္ကဋ္ဌ ဦးနေအုပ်(စိန်ပေါ)က One News ကို ပြောပါတယ်၊၊
ပုဂ္ဂလိကကျောင်းတွေရဲ့ ကျောင်းဝင်ကြေးက တည်ထောင်သူတွေရဲ့ သတ်မှတ်ချက်အလိုက် ငွေကြေးပုံစံ အမျိုးမျိုး ကွာခြားချက် ရှိတယ်လို့ ဆိုပါတယ်၊၊

လက်ရှိက စျေးကွက်စီးပွားစနစ် ဖြစ်တဲ့အပြင် ပုဂ္ဂလိကကျောင်းတွေရဲ့ သင်ထောက်ကူနဲ့ ဝန်ဆောင်မှုတွေက တစ်ကျောင်းနဲ့တစ်ကျောင်း မတူညီတဲ့အတွက် ပုဂ္ဂလိက ကျောင်းဝင်ကြေးတွေကို တစ်ပြေးညီ သတ်မှတ်ဖို့က အဆင်မပြေဘူးလို့ ဦးနေအုပ်(စိန်ပေါ)က ပြောပါတယ်၊၊
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အခြေခံပညာရေးအတွက် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ထားတဲ့ ကျောင်းပေါင်း ၂၃၀ ကျော်ရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ ကျောင်းပေါင်း ၂၀၀၀ ကျော်လောက် ရှိနေတယ် လို့ သိရပါတယ်။