ပြည်ပကကုန်ပစ္စည်းများဈေးနှုန်းသက်သာစွာနဲ့ဝင်ရောက်လာတဲ့အတွက်ပန်းပဲပညာကိုလက်ဆင့်ကမ်းသင်ယူသူနည်းပါးလာနေတယ်လို့စက်မှုဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းကပြောပါတယ်။

မတ်လ(၆)ရက်နေ့မှာစက်မှုဝန်ကြီးဌာနအစည်းအဝေးခန်းမမှာပြုလုပ်တဲ့ပြည်တွင်းထုတ်ကတ်ကြေး၊ဓားထုတ်ကုန်များအရည်အသွေးမြှင့်ထုတ်လုပ်နိုင်ရေးနဲ့ဈေးကွက်တိုးတက်ရရှိရေးတွေ့ဆုံဆွေးနွေးပွဲမှာပြောကြားခဲ့တာဖြစ်ပါတယ်။ပြည်ထောင်စုဝန်ကြီးကဆက်လက်ပြောကြားရာမှာပန်းပဲလုပ်ငန်းများဟာပြည်တွင်းဈေးကွက်မှာသာရှိနေပြီးကုန်ကြမ်းလုံလောက်မှု၊ထုတ်ကုန်ပစ္စည်းအရည်အသွေး၊တီထွင်ဆန်းသစ်မှုနည်းပညာနဲ့ဈေးကွက်ရှာဖွေနိုင်မှုစတဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မယ်ဆိုရင်ပြည်တွင်းထုတ်လုပ်ရောင်းချမှုအားကောင်းလာပြီးပြည်ပကိုရောင်းချနိုင်တဲ့အထိအောင်မြင်လာမှာဖြစ်တယ်လို့ဆိုပါတယ်။