၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူတွေအတွက် ပထမနှစ်အဝေးသင် သင်တန်းဝင်ခွင့်ရရှိသူတွေ စာရင်းကို ဒီဇင်ဘာလ ၇ ရက်နေ့ကစတင်ပြီး ထုတ်ပြန်သွားမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနကနေ သိရပါတယ်။

ဝင်ခွင့်ရစာရင်းတွေကို သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေ၊ ပညာရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်နဲ့ အဆင့်မြင့်ပညာဦးစီးဌာနရဲ့ ဝက်ဘ်ဆိုက်တွေမှာ ကြေညာထားမှာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြေဆိုသူ တစ်သိန်း သုံးသောင်း နီးပါးရှိတဲ့အနက် ခုနစ်သောင်း လေးထောင်ကျော် အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းအနေနဲ့ ၅၇ ရာခိုင်နှုန်း ကျော် ရှိခဲ့ပါတယ်။