ဆရာတွေရဲ့အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေကို အာရုံစိုက်ဖြေရှင်းပေးနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းလိုက်ပါတယ်။
အောက်တိုဘာ၅ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာထဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလိုတိုက်တွန်းပြောကြားထားတာပါ။
ဆရာ၊ ဆရာမတွေဟာ ဘဝတစ်လျှောက်လုံး အမြဲလေ့လာသင်ယူနေရသူတွေဖြစ်တဲ့အတွက် အစဉ်ပြောင်းလဲနေတဲ့ခေတ်နဲ့အညီ စာကြည့်တိုက်တွေ၊ စာအုပ်စာစောင်တွေနဲ့ ခေတ်မီနည်းပညာတွေကိုအသုံးပြုပြီး မိမိတို့ရဲ့အရည်အသွေး တိုးတက်နေအောင် ကိုယ်တိုင်လေ့လာသင်ယူဆည်းပူးနေကြဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ဆရာကောင်းတစ်ယောက်ဖြစ်ရမယ့်အချက်တွေနဲ့ကိုက်ညီအောင် ကျင့်ကြံအားထုတ်ပြီး ဗလငါးတန်နဲ့ပြည့်စုံတဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပြည့်ဝတဲ့ နိုင်ငံ့အကျိုးသယ်ပိုးကြမယ့် အနာဂတ်နိုင်ငံ့သားကောင်း၊ သမီးကောင်းရတနာတွေဖြစ်လာဖို့ လေ့ကျင့်ပျိုးထောင်ပေးကြဖို့ကိုလည်း သဝဏ်လွှာထဲမှာ တိုက်တွန်းပြောကြားထားပါတယ်။