စာမတတ်သူပပျောက်ရေးကနေ စာမဖတ်သူပပျောက်ရေးအထိ တိုးချဲ့ဆောင်ရွက်သွားရမယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ဇွန်လ ၂၅ ရက်က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၄) ဖွင့်ပွဲအခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလို ပြောကြားလိုက်တာပါ။

ကျေးလက်နေပြည်သူတွေအပါအဝင် ပြည်သူတစ်ရပ်လုံး စာတတ်မြောက်ရေးအတွက် စာမတတ်သူပပျောက်ရေး စီမံချက်ရေးဆွဲအကောင်အထည်ဖော်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းတွေ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးရမယ်လို့လည်း ဆိုပါတယ်။
အဆင့်မြင့်ပညာရပ်တွေကိုသင်ယူတာဟာ ဘွဲ့အဆင့်အတန်းတစ်ခု ရရှိဖို့သာမဟုတ်ဘဲ အရည်အသွေးရှိတဲ့ အဆင့်မြင့်ပညာရပ်တွေကို နှံ့စပ်စွာတတ်မြောက်ထားတဲ့ ဘွဲ့ရပညာတတ်များစွာ ပေါ်ထွက်လာမှသာ နိုင်ငံ အတွက် ပိုမိုအကျိုးရှိမှာဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။