ငလျင်ဘေးဒဏ်သင့် အာမခံအလုပ်သမားတွေကို သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ထောက်ပံ့ပေးသွားမယ်လို့ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့က ထုတ် ပြန်ပါတယ်။ငလျင်ဘေးဒဏ်သင့်ဒေသတွေဖြစ်တဲ့ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ မကွေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည် နယ်တွေက ငလျင်ဘေးဒဏ်သင့် အာမခံအလုပ်သမားတွေအားလုံး ဒီအကျိုးခံစားခွင့်ကို ရရှိမှာပါ။

လက်ရှိမှာ အလုပ်လုပ်နေတဲ့ အာမခံထားသူတွေထဲက ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွက် ထည့်ဝင်ကြေး ပေး ဆောင်ထားပြီး ငလျင်ဘေးဒဏ်ခံခဲ့ရတဲ့ အာမခံအလုပ်သမားတွေဟာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းကို လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။အာမခံအလုပ်သမားတွေအနေနဲ့ အကျိုးခံစားခွင့်ကို အမိန့်ကြညာစာထုတ်ပြန်ပြီး ၃ လအတွင်း လျှောက်ထားရမှာ ဖြစ်ပြီး ၃ လကျော်သွားတဲ့ လျှောက်လွှာတွေကိုတော့ အရေးယူဆောင်ရွက်ပေးမှာမဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လူမှုဖူလုံရေးအဖွဲ့ချုပ်က တင်ပြလာတဲ့ အကျုံးဝင်အလုပ်သမားစာရင်းနဲ့ ခွင့်ပြုငွေပမာဏကို စိစစ်ပြီး ထောက်ပံ့ ငွေ ထုတ်ယူခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းကို တွက်ချက်ရာမှာ အာမခံအလုပ်သမားရဲ့ လစာဝင်ငွေ တစ်သိန်းလေးသောင်းလေးထောင်ကျပ် ရလို့ရှိရင် ထောက်ပံ့ငွေက ငါးသောင်းခုနစ်ထောင့် ခြောက်ရာကျပ် ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။