မာရသွန်ချန်ပီယံ ဂျက်ပ်ချာချာ ၃ နှစ်ပွဲပယ်ခံရ
One News
Nov 20, 2026
မာရသွန်ကမ္ဘာ့ချန်ပီယံ ကင်ညာနိုင်ငံသူ ဂျက်ပ်ချာချာကို တားမြစ်ဆေးသုံးစွဲခဲ့ကြောင်း စစ်ဆေးတွေ့ရှိရတဲ့ အတွက် ၃ နှစ်ပွဲပယ် ပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ ပြေးခုန်ပစ်အားကစားဆိုင်ရာ သမာသမတ်အဖွဲ့က ကြာသပတေးနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဂျက်ပ်ချာချာဟာ သွေးအားကောင်းစေတဲ့ တားမြစ်ဆေးတစ်မျိုးကို သုံးစွဲခဲ့တာဖြစ်ပြီး အခုလို သုံးစွဲခဲ့မှုကိုလည်း ကစားသမားဘက်က ဝန်ခံထားတယ်လို့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။ အခုဖြစ်ရပ်ဟာ ကင်ညာအားကစားသမားတွေရဲ့ တားမြစ်ဆေးသုံးစွဲမှုနဲ့ပတ်သက်လို့ ကာလရှည်ပြစ်ဒဏ် ချမှတ် ခံရတဲ့ နောက်ဆုံးဖြစ်ရပ်လည်း ဖြစ်ပါတယ်။ပြေးခုန်ပစ်အားကစားဆိုင်ရာ သမာသမတ်အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့တဲ့ ၂၀၁၇ ခုနှစ်ကစပြီး ကင်ညာ ပြေးခုန် ပစ် ကစားသမား ၁၄၀ ကျော်ဟာ တာမြစ်ဆေးသုံးစွဲမှုကြောင့် အရေးယူပိတ်ပင်မှုပြစ်ဒဏ်တွေ ချမှတ်ခံထားရတာ ဖြစ်ပါတယ်။
ကင်ညာနိုင်ငံဟာ ၂၀၂၉ ခုနှစ်မှာ ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ်ပြိုင်ပွဲကို နိုင်ရိုဘီမြို့မှာ လက်ခံကျင်းပဖို့ စီစဉ် ထားတာ ဖြစ်ပါတယ်။ ဩဂုတ်လက ကျင်းပခဲ့တဲ့ ဆစ်ဒနီမာရသွန်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ ဂျက်ပ်ချာချာဟာ အဲဒီပြိုင်ပွဲ မတိုင်မီရယူခဲ့တဲ့ နမူနာမှာ တားမြစ်ဆေးသုံးစွဲထားတယ်လို့ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ လကစကာ ယာယီပွဲပိတ်ပြစ်ဒဏ် စတင်ချမှတ်ခံရတာ ဖြစ်ပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE