Show • 1 min read
သတင်း

ရန်ကုန်တိရစ္ဆာန်ဥယျာဥ်၌ တန်ဆောင်တိုင်ဈေးရောင်းပွဲတော် ကျင်းပမည်

One News

Nov 17, 2026

ရန်ကုန်တိရစ္ဆာန်ဥယျာဥ်၌ တန်ဆောင်တိုင်ဈေးရောင်းပွဲတော် ကျင်းပမည်
0 Shares
7 Views


ရန်ကုန်တိရစ္ဆာန်ဥယျာဥ်မှာ တန်ဆောင်တိုင်ဈေးရောင်းပွဲတော်ကို ၄ ရက်ကြာ ကျင်းပသွားမှာဖြစ်တယ်လို့ ရန်ကုန်တိရစ္ဆာန်ဥယျာဥ်ကနေ သိရပါတယ်။အဲဒီ တန်ဆောင်တိုင်ဈေးရောင်းပွဲတော်ကို နိုဝင်ဘာလ ၂၁ ရက်ကနေ ၂၄ ရက်အထိ ၄ ရက်တိုင်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပြီး တန်ဆောင်တိုင်ကာလမှာ မိသားစု၊ သူငယ် ချင်းတွေနဲ့အတူ ပျော်ရွှင်စရာ အမှတ်တရတွေ ဖန်တီးနိုင်ဖို့အတွက် အခုလို ကျင်းပပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

ပွဲတော်ရက်တွေအတွင်းမှာ အစားအသောက်မျိုးစုံနဲ့အရောင်းဆိုင်တွေ၊ ပျော်ရွှင်စရာတေးသံသာတွေနဲ့ ဖျော်ဖြေ တင်ဆက်မှုတွေ၊ မြန်မာ့ရိုးရာအကအလှတွေနဲ့ အမှတ်တရဓာတ်ပုံလှလှလေးတွေ ရိုက်ကူးနိုင်မယ့် အစီအစဉ်တွေ အပါအဝင် တခြားအစီအစဉ်များစွာကိုလည်း ထည့်သွင်းကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ