မြန်မာ့ဈေးကွက်တွင် ထိုင်းမှတင်သွင်းသည့် Ovaltine ရောင်းချမှု ရပ်ဆိုင်း
One News
Nov 19, 2026
ထိုင်းနိုင်ငံက တင်သွင်းတဲ့ Ovaltine အမှတ်တံဆိပ် ထုတ်ကုန်တွေကို မြန်မာနိုင်ငံ ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချတာကို ရပ်ဆိုင်းလိုက်ပြီလို့ DKSH (Myanmar) Limited က အများပြည်သူကို သတိပေး ကြေညာထား ပါတယ်။
DKSH (Myanmar) Limited ဟာ AB Food & Beverages (Thailand) Ltd က ထုတ်လုပ်တဲ့ Ovaltine အမှတ် တံဆိပ် ထုတ်ကုန်တွေကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလက စတင်ပြီး မြန်မာ့ဈေးကွက်အတွင်း တရားဝင် ဖြန့်ဖြူး ရောင်းချခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်ကစလို့ DKSH (Myanmar) Limited နဲ့ AB Food & Beverages (Thailand) Ltd တို့အကြား ထားရှိခဲ့တဲ့ ဖြန့်ချိရေး သဘောတူစာချုပ်ကို ရပ်စဲခဲ့ပြီး အောက်တိုဘာလကုန်က စတင်ကာ Ovaltine ထုတ်ကုန်တွေကို ထိုင်းနိုင်ငံက တင်သွင်းပြီး မြန်မာနိုင်ငံ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချတဲ့လုပ်ငန်းကို ရပ်ဆိုင်းခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
DKSH က ဈေးကွက်မှာ နောက်ဆုံးဖြန့်ဖြူးထားတဲ့ Ovaltine ထုတ်ကုန်တွေဟာ Batch (Batch No.260 320/EXP:19 Mar 2028) ထုတ်ကုန်တွေ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် အောက်တို ဘာလနောက်ပိုင်းမှာ DKSH က ဖြန့်ဖြူးထားတာ မဟုတ်တဲ့ ဒါမှမဟုတ် တခြားလမ်းကြောင်းတွေကဝယ် ယူရရှိ တဲ့ Ovaltine အမှတ်တံဆိပ်ထုတ်ကုန်တွေ ဒါမှမဟုတ် တခြား Distributor၊ Supplier တွေဆီက ဝယ်ယူရရှိတဲ့ Ovaltine ထုတ်ကုန်တွေကို DKSH က ဖြန့်ဖြူးရောင်းချထားတဲ့ ထုတ်ကုန်တွေအဖြစ် သတ်မှတ်မှာ မဟုတ်ဘူးလို့ လည်း ဆိုပါတယ်။
အဲဒီထုတ်ကုန်တွေရဲ့ အရည်အသွေး ၊ ကုန်ပစ္စည်းအစစ်အမှန်ဖြစ်မှု အပါအဝင် ဘယ်လို ကိစ္စအတွက်မဆို DKSH မှာ ဘာတာဝန်မှ ရှိမှာမဟုတ်ဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဘယ်ကုမ္ပဏီ၊ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းတွေကိုမှ DKSH ကုမ္ပဏီရဲ့ အမည်၊ အမှတ်တံဆိပ်၊ လိုဂို ဒါမှမဟုတ် တခြားသက်သေခံ အမှတ် အသားတွေ အသုံးပြုဖို့ကိုလည်း ခွင့်ပြုမထားဘူးလို့ ဆိုပါတယ်။ဒါကြောင့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလနောက်ပိုင်း Ovaltine ထုတ်ကုန်တွေကို မြန်မာနိုင်ငံ ဈေးကွက်အတွင်း ရောင်းချရာမှာ ကုမ္ပဏီက ဖြန့်ဖြူးတယ်လို့ ဖော်ပြထားတာ ဒါမှမဟုတ် အဓိပ္ပာယ်ရစေတဲ့ ထုပ်ပိုးပစ္စည်းနဲ့ အညွှန်း စာတွေကို အသုံးမပြုကြဖို့နဲ့ ကုမ္ပဏီရဲ့ ခွင့်ပြုချက်မရှိဘဲ DKSH ကုမ္ပဏီရဲ့ အမည်၊ အမှတ်တံဆိပ်၊ လိုဂိုနဲ့ တခြား သက်သေခံအမှတ်အသားတွေ အသုံးပြုရိုက်နှိပ်ကာ Ovaltine ထုတ်ကုန်တွေကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်း ချရင် တည်ဆဲဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ အသိပေးထားပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
ရန်ကုန်မြို့တွင် မြန်မာ့ရိုးရာပွဲဈေး ၃ ရက်တိုင်တိုင် ကျင်းပမည်
Sayar Soe Aung
Nov 13, 2026 14ရန်ကုန်မြို့တွင် မြန်မာ့ရိုးရာပွဲဈေး ၃ ရက်တိုင်တိုင် ကျင်းပမည်