နည်းပညာ • 1 min read
သတင်း

ကြဲခင်းစနစ် ပပျောက်ရန် လူထုလှုပ်ရှားမှု အသွင်ဖြင့် ဆောင်ရွက်ရန်လို

One News

Nov 17, 2026

ကြဲခင်းစနစ် ပပျောက်ရန် လူထုလှုပ်ရှားမှု အသွင်ဖြင့် ဆောင်ရွက်ရန်လို
0 Shares
4 Views

 

ဧရာဝတီတိုင်းဒေသကြီးမှာ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ကြဲခင်းစနစ်တွေ ပပျောက်စေရေးကို လူထုလှုပ်ရှားမှု အသွင်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ဖို့ လိုတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်က ပြောပါတယ်။

နိုဝင်ဘာလ ၁၇ ရက်က ပုသိမ်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းဝေးခန်းမ (၁) မှာ ကျင်းပတဲ့ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အခုလို ပြောကြားခဲ့တာပါ။ဧရာဝတီတိုင်းဒေသကြီးဟာ စိုက်ပျိုးရေး တိုင်းဒေသကြီး ဖြစ်တဲ့အတွက် နိုင်ငံတော်အကြီးအကဲ နဲ့ သက် ဆိုင်ရာ ဝန်ကြီးဌာနတွေက စိုက်ဧကတွေ မှန်ကန်ရေး၊ အထွက်နှုန်းတွေ မှန်ကန်စေရေးအတွက် အလေး ထား ဆောင်ရွက်ဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ဆီထွက်သီးနှံနဲ့ ပတ်သက်လို့လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို ခရိုင်အလိုက် တာဝန် ပေးအပ်ထားသလို ကြဲခင်းစနစ် ပပျောက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးတွေက မြို့နယ်အဆင့် အထိ ကွင်းဆင်းကာ စိုက်တိုးမြင့်အဖွဲ့တွေ နဲ့ ညှိနှိုင်းဆောင်ရွက်သွားဖို့ လိုတယ်လို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်က ပြောပါတယ်။

ဒါ့အပြင် ခရိုင်၊ မြို့နယ် စိုက်တိုးမြင့်အဖွဲ့တွေကလည်း ကြဲခင်းစနစ် ပပျောက်ဖို့အတွက် တောင်သူတွေ လိုက်ပါ ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်ဖို့ လိုပြီး Drum Seeder  တွေနဲ့ စိုက်ပျိုးတာ၊  ပျိုးထောင်စိုက်ပျိုးတဲ့ စနစ်နဲ့ စိုက်ပျိုးတာ၊ ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက် တွေနဲ့ စိုက်ပျိုးတာကို တိုးတက်လုပ်ဆောင်ကြရမှာ ဖြစ်ပြီး တိုင်းဒေသကြီးရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ အောင်မြင်အောင် ဆောင်ရွက်ကြဖို့ကိုလည်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်က ပြောကြားခဲ့ပါ တယ်။

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ