ပြည်ပဈေးကွက်တွင် ဝဥမှုန့်ဝယ်လိုအား မြင့်တက်
One News
Nov 20, 2026
ဝဥကုန်ကြမ်းကနေ တန်ဖိုးမြှင့်ထုတ်လုပ်ထားတဲ့ ဝဥမှုန့်ကို တရုတ်၊ ထိုင်း၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတို့က ဝယ်ယူမှုတွေကြောင့် ဝယ်လိုအား မြင့်တက်နေတယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ကနေ သိရပါတယ်။
အရင်က ဝဥကို ကုန်ကြမ်းအစိုနဲ့ ကုန်ကြမ်းအခြောက်အဖြစ်သာ ပြည်ပကိုတင်ပို့ရောင်းချခဲ့ကြရာကနေ အခုအခါ ပြည်တွင်းမှာ တန်ဖိုးမြင့် ထုတ်ကုန်တွေအဖြစ် ထုတ်လုပ်မှုမြင့်တက်လာပြီး ပြည်တွင်းဈေးကွက်နဲ့ ပြည်ပဈေး ကွက်မှာပါ အရောင်းအဝယ်ကောင်းလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။ဝဥကုန်ကြမ်းကို အခြေခံပြီး ဝဥမှုန့်၊ ဝဥခေါက်ဆွဲ၊ ဝဥအသားတု၊ ဝဥဂျယ်လီနဲ့ အဆီကျ ကျန်းမာရေး ဖြည့်စွက်စာ တွေအဖြစ် အဆင့်ဆင့် ပြုပြင်ထုတ်လုပ်လာကြပြီး ဝဥခေါက်ဆွဲနဲ့ ဝဥအသားတုတို့က ပြည်တွင်းဈေးကွက်မှာ ဝယ်လိုအားကောင်းနေတယ်လို့ သိရပါတယ်။
တန်ဖိုးမြင့် ဝဥထုတ်ကုန်တွေကို ထုတ်လုပ်ရောင်းချတာဟာ ကုန်ကြမ်းအတိုင်း ရောင်းချတာထက် အကျိုးအမြတ် ပိုမိုရရှိကြပါတယ်။ လက်ရှိမှာ ဝဥမှုန့်အရည်အသွေးနဲ့ သန့်စင်မှုအဆင့်ပေါ်မူတည်ပြီး ဝဥမှုန့်တစ်ပိဿာကို ပျှမ်းမျှ ကျပ် ၂၅၀၀၀ ကနေ ကျပ် ၄၀၀၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေတယ်လို့ ဈေးကွက်ကနေ သိရပါတယ်။
ဝဥပင်တွေဟာ မြန်မာနိုင်ငံမှာ သစ်ရိပ်၊ ဝါးရိပ်ကောင်းပြီး အစိုဓာတ်ကောင်းတဲ့နေရာတွေမှာ သဘာဝအလျောက် အများအပြား ပေါက်ရောက်လေ့ရှိကြပြီး အခုအခါမှာ ဝဥခြောက်လုပ်ငန်းတွေ ပိုမိုတွင်ကျယ်လာတာကြောင့် စိုက်ခင်းတွေနဲ့ စနစ်တကျ စိုက်ပျိုးထုတ်လုပ်လာကြတယ်လို့ သိရပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
၇ လအတွင်း ဆန်တန်ချိန်တစ်သန်းကျော် တင်ပို့ထား
One News
Nov 16, 2026 33အခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဧပြီလကနေ အောက်တိုဘာလအထိ ၇ လအတွင်း ပြည်ပကို ဆန်နဲ့ဆန်ကွဲတန်ချိန် တစ်သန်းကျော် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၃၈၈ သန်း ရရှိထားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။