အိန္ဒိယတွင် အရက်အတုသောက်မိပြီး လူ ၁၁ ဦးထက်မနည်း သေဆုံး
One News
Nov 22, 2026
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း၊ မဏိပူရ်ပြည်နယ်မှာ နိုဝင်ဘာလ ၂၀ ရက်က ဒေသတွင်းထုတ်လုပ်ထားတဲ့ အရက်အတုသောက်မိတာကြောင့် အနည်းဆုံး လူ ၁၁ ယောက်သေဆုံးပြီး အယောက် ၁၈၀ ထက်မနည်း ဆေးရုံတင်ထားရတယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က X လူမှုကွန်ရက်ကနေ အတည်ပြုပြောကြားလိုက်ကြောင်း CNA သတင်းမှာဖော်ပြပါတယ်။
ဝန်ကြီးချုပ်က လူနာတွေဆေးကုသမှု ခံယူနေရတဲ့ ဆေးရုံနှစ်ရုံကို သွားရောက်ကြည့်ရှုခဲ့ပြီး ဒီဖြစ်စဉ်ကို အစိုးရအနေနဲ့ သေချာစုံစမ်းစစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ဒါ့အပြင် ဆေးရုံတက်နေရတဲ့လူနာတွေ အကောင်းဆုံးဆေးကုသမှုရရှိဖို့နဲ့ လိုအပ်တဲ့အကူအညီတွေရရှိစေဖို့ ဆေးရုံတာဝန်ရှိသူတွေကိုညွှန်ကြားထားတယ်လို့ ဝန်ကြီးချုပ်ကပြောပါတယ်။
ဒါ့အပြင် အဲဒီဒေသကို အထူးကု ဆရာဝန်အပါအဝင် ကျန်းမာရေးအဖွဲ့နဲ့ လိုအပ်တဲ့အရေးကြီးဆေးဝါးတွေကို ချက်ချင်းစေလွှတ်ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။အရက်အတုကြောင့် ဆေးရုံတက်နေရသူ တော်တော်များများဟာ မက်သနောဓာတ်ငွေ့/ဓာတုအဆိပ် သင့်တဲ့ ရောဂါလက္ခဏာတွေ ပြသနေတယ် လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြကြပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE