ဂါဇာအလယ်ပိုင်းတွင် မြေပြင်စစ်ဆင်ရေး အစ္စရေး စတင်
One News
Nov 19, 2026
အစ္စရေးစစ်တပ်ဟာ ၂၀၂၅ ခုနှစ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ တပ်တွေ ပြန်လည်ရုပ်သိမ်းထားခဲ့ တဲ့ ဂါဇာအလယ်ပိုင်းဒေသတစ်ခုမှာ မြေပြင်စစ်ဆင်ရေးတစ်ရပ် စတင်ခဲ့တာကြောင့် ပါလက်စတိုင်းနေရပ်စွန့်ခွာသူ ဒါဇင်ချီဟာ ဗုဒ္ဓဟူးနေ့က သူတို့ရဲ့ တဲတွေနဲ့ ယာယီခိုလှုံရာနေရာတွေကို စွန့်ခွာထွက်ပြေးခဲ့ကြရတယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။
အစ္စရေးတင့်ကားတွေဟာ မြောက်ပိုင်းနဲ့ တောင်ပိုင်းကို ဆက်သွယ်ထားတဲ့ အဓိကလမ်းမကြီး Salahudeen လမ်း တစ်လျှောက် ရွေ့လျားဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အခုလို မြေပြင်စစ်ဆင်ရေး ဖြစ်ပွားလာချိန်မှာပဲ အမေရိ ကန်ရဲ့ ကျောထောက်နောက်ခံနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ကြီးကြပ်နေတဲ့အဖွဲ့ကလည်း အစ္စရေးနဲ့ ဟားမတ်စ်နှစ်ဖက်စလုံးဟာ တိုက်ခိုက်မှုတွေ အဆုံးသတ်ရေးအတွက် သတ်မှတ်ထားတဲ့ ကတိကဝတ် တွေကို လိုက်နာဖို့ ပျက်ကွက်နေကြတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။
၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီးနောက်ပိုင်း အစ္စရေးနဲ့ ဟားမတ်စ်တို့ ထိန်းချုပ်နယ်မြေတွေကို ပိုင်းခြားထားတဲ့ အဝါရောင်မျဉ်းကို ဖြတ်ကျော်ပြီး အစ္စရေးတင့်ကားတွေ ဝင်ရောက်လာတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။အစ္စရေးစစ်တပ် ပြောရေးဆို ခွင့်ရှိသူတစ်ယောက်ကတော့ ဂါဇာအလယ်ပိုင်း အဝါရောင်မျဉ်းရဲ့ အနောက်ဘက်ခြမ်း မှာ ဟားမတ်စ်အဖွဲ့ရဲ့ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတစ်ရပ် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ စစ်ဆင်ရေးနဲ့ပတ်သက်ပြီး အသေးစိတ် ထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။ဟားမတ်စ်အဖွဲ့ကလည်း အစ္စရေးစစ်တပ်ရဲ့ ဝင်ရောက်စီးနင်းမှုနဲ့ ပါလက်စတိုင်းပြည်သူတွေကို အတင်းအကျပ် နေရပ်စွန့်ခွာခိုင်းတာဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်တာဖြစ်သလို အခြေအနေကို ပိုမိုတင်းမာစေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
အင်ဒိုနီးရှားတွင် သကြားလုံးစက်ရုံ မီးလောင်မှုဖြစ်ပွား
One News
Nov 23, 2026 1အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းရှိ သကြားလုံးစက်ရုံတစ်ရုံမှာ မီးလောင်မှုကြီး ဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ရုပ်အလောင်းထည့်အိတ် ၂၄ အိတ်ကို တနင်္ဂနွေနေ့မှာ သယ်ထုတ်ခဲ့ရတယ်လို့ CNA သတင်းမှာဖော်ပြပါတယ်။ မီးငြှိမ်းသတ်ရေးအဖွဲ့တွေကလည်း မီးကျန်နေရာတွေကို ဆက်လက်ငြှိမ်းသတ်နေပြီး ပျောက်ဆုံးနေတဲ့ အလုပ်သမားတွေကို ရှာဖွေတဲ့လုပ်ငန်းကိုတော့ တနင်္လာနေ့မနက်မှာ ပြန်လည်စတင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။