အရှေ့တောင်အာရှ • 1 min read
သတင်း

အင်ဒိုနီးရှားတွင် သကြားလုံးစက်ရုံ မီးလောင်မှုဖြစ်ပွား

One News

Nov 23, 2026

အင်ဒိုနီးရှားတွင် သကြားလုံးစက်ရုံ မီးလောင်မှုဖြစ်ပွား
0 Shares
1 Views

 

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းရှိ သကြားလုံးစက်ရုံတစ်ရုံမှာ မီးလောင်မှုကြီး ဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ရုပ်အလောင်းထည့်အိတ် ၂၄ အိတ်ကို တနင်္ဂနွေနေ့မှာ သယ်ထုတ်ခဲ့ရတယ်လို့ CNA သတင်းမှာဖော်ပြပါတယ်။
မီးငြှိမ်းသတ်ရေးအဖွဲ့တွေကလည်း မီးကျန်နေရာတွေကို ဆက်လက်ငြှိမ်းသတ်နေပြီး ပျောက်ဆုံးနေတဲ့ အလုပ်သမားတွေကို ရှာဖွေတဲ့လုပ်ငန်းကိုတော့ တနင်္လာနေ့မနက်မှာ ပြန်လည်စတင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီမီးလောင်မှုဟာ နိုဝင်ဘာလ ၂၁ ရက်၊ စနေနေ့ညနေပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဘန်တန်ပြည်နယ်၊ ဆီရန်ခရိုင်၊ စီကန်ဒီဒေသမှာရှိတဲ့ သကြားလုံးစက်ရုံမှာ ဖြစ်ပွားခဲ့တာပါ။ အဲဒီစက်ရုံဟာ ၁၉၈၁ ခုနှစ် ကတည်းက တည်ထောင်ခဲ့တဲ့ အင်ဒိုနီးရှားကုမ္ပဏီ United Family Food ရဲ့ လက်အောက်ခံစက်ရုံတစ်ရုံ ဖြစ်ပါတယ်။ရုပ်မြင်သံကြားသတင်းဌာန Metro TV ရဲ့ ရုပ်သံမှတ်တမ်းတွေမှာတော့ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ စက်ရုံအပြင်ဘက်မှာ မိသားစုဝင်တွေဟာ သူတိုရဲ့ ဆွေမျိုးသားချင်းတွေ မီးထဲမှာ ပိတ်မိသွားမှာကို စိုးရိမ်ပြီး ငိုကြွေးရင်း သတင်းစောင့်ဆိုင်းနေကြတာကို တွေ့ရပါတယ်။

ဘန်တန်ပြည်နယ် ရဲတပ်ဖွဲအကြီးအကဲက ပျောက်ဆုံးနေသူတွေ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို တနင်္လာနေ့မနက်မှာ ပြန်လည်စတင်သွားမယ်လို့ Metro TV ကို ပြောကြားခဲ့ပါတယ်။ စနေနေ့အလုပ်ချိန်အတွင်း စက်ရုံမှာ အလုပ်သမားနဲ့ ဝန်ထမ်း စုစုပေါင်း ၃၀၀ ခန့် ရှိနေခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ စက်ရုံရဲ့ အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။စက်ရုံဘက်က နောက်ပိုင်းထုတ်ပြန်ချက်အရ မီးလောင်တဲ့ နေရာမှာ ရှိနေတဲ့ အလုပ်သမား ၆၅ ယောက် အနက် ၂၄ ယောက်က နေအိမ်ကို ပြန်ရောက်နေပြီဖြစ်ပြီး ၄ ယောက်ကတော့ ဆေးကုသမှုခံယူ နေရတယ်လို့ သိရပါတယ်။

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
အရှေ့တောင်အာရှ
သတင်း

ဂါဇာအလယ်ပိုင်းတွင် မြေပြင်စစ်ဆင်ရေး အစ္စရေး စတင်

One News

Nov 19, 2026 15

အစ္စရေးစစ်တပ်ဟာ ၂၀၂၅ ခုနှစ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ တပ်တွေ ပြန်လည်ရုပ်သိမ်းထားခဲ့ တဲ့ ဂါဇာအလယ်ပိုင်းဒေသတစ်ခုမှာ မြေပြင်စစ်ဆင်ရေးတစ်ရပ် စတင်ခဲ့တာကြောင့် ပါလက်စတိုင်းနေရပ်စွန့်ခွာသူ ဒါဇင်ချီဟာ ဗုဒ္ဓဟူးနေ့က သူတို့ရဲ့ တဲတွေနဲ့ ယာယီခိုလှုံရာနေရာတွေကို စွန့်ခွာထွက်ပြေးခဲ့ကြရတယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။