အမေရိကန် • 1 min read
သတင်း

United Airlines ၏နည်းပညာစနစ် ချို့ယွင်းမှု ပြေလည်ပြီဟု ကြေညာ

One News

Nov 17, 2026

United Airlines ၏နည်းပညာစနစ် ချို့ယွင်းမှု ပြေလည်ပြီဟု ကြေညာ
0 Shares
9 Views

 

အမေရိကန်လေကြောင်းလိုင်း United Airlines က လေယာဉ်ထွက်ခွာချိန်တွေကို တစ်နာရီခန့် နောက်ကျစေခဲ့တဲ့ နည်းပညာဆိုင်ရာ ပြဿနာကို ဖြေရှင်းပြီးသွားပြီလို့ တနင်္လာနေ့မှာ ကြေညာလိုက်တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

အမေရိကန်တစ်နိုင်ငံလုံးမှာ လေကြောင်းထိန်းချုပ်ရေးစနစ် ချို့ယွင်းမှုကြောင့် လေကြောင်းခရီးစဉ်တွေ အကြီး အကျယ် အနှောင့်အယှက်ဖြစ်ခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ United Airlines ရဲ့ နည်းပညာပြဿနာ ထပ်မံပေါ်ပေါက် လာတာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ် ပြဿနာကတော့ နိုဝင်ဘာလ ၁၆ ရက် အမေရိကန်အရှေ့ပိုင်းစံတော်ချိန် ညနေ ၆ နာရီဝန်းကျင်မှာ ပြေလည်သွားခဲ့ပါတယ်။

လေယာဉ်တွေ၊ လေယာဉ်မှူးတွေနဲ့ လေယာဉ်အမှုထမ်းတွေ အဆင်သင့်ရှိနေတဲ့တိုင် ကွန်ပျူတာစနစ်တစ်ခု ချို့ယွင်းသွားတာနဲ့ လေယာဉ်ခရီးစဉ်တွေ ရပ်ဆိုင်းရနိုင်တယ်ဆိုတာ ဒီဖြစ်ရပ်က ထင်ရှားစေခဲ့ပါတယ်။ကုမ္ပဏီဘက်က "ဒီဖြစ်ရပ်ဟာ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပြဿနာတစ်ခုကြောင့် ဖြစ်ပွားခဲ့တယ်ဆိုတဲ့ အထောက် အထား မရှိပါဘူး"လို့ ရှင်းလင်းထားပါတယ်။

Reuters သတင်းဌာနက ရရှိခဲ့တဲ့ United Airlines လေယာဉ်မှူးများသမဂ္ဂရဲ့ အတွင်းပိုင်းစာတမ်းအရ ကုမ္ပဏီ တစ်ခုလုံးမှာ အသုံးပြုနေတဲ့ ဝက်ဘ်အခြေပြု နည်းပညာစနစ်တစ်ခု ချို့ယွင်းခဲ့တာဖြစ်ပြီး လေယာဉ်မှူးတွေ အကြား ဆက်သွယ်ရေးအပါအဝင် လုပ်ငန်းသုံးအက်ပလီကေးရှင်း အများအပြားကို ထိခိုက်ခဲ့တယ်လို့ သိရပါ တယ်။
 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
အမေရိကန်
သတင်း

အမေရိကန်တွင် လေကြောင်းခရီးစဉ် နှောင့်နှေးမှုများ ဆက်ဖြစ်နေ

One News

Nov 16, 2026 18

အမေရိကန်နိုင်ငံတစ်ဝန်း လေယာဉ်ပျံသန်းမှုတွေကို ယာယီရပ်ဆိုင်းခဲ့ရတဲ့ နည်းပညာချို့ယွင်းမှု ဖြစ်ပွားပြီးနောက် နှစ်ရက်ကြာတဲ့အထိ လေယာဉ်ခရီးစဉ် ထောင်ပေါင်းများစွာ ဖျက်သိမ်း၊ နှောင့်နှေးမှုတွေ ဆက်လက်ဖြစ်ပွားနေ တယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။