တရုတ်ရိုးရာယဉ်ကျေးမှုဓလေ့များအား ပိုမိုသိရှိစေရေးတရုတ်ယဉ်ကျေးမှုပြသခြင်း လှုပ်ရှားမှုပွဲကျင်းပ
One News
Nov 22, 2026
တရုတ်ယဉ်ကျေးမှုပြသခြင်း လှုပ်ရှားမှုပွဲကို နိုဝင်ဘာလ ၂၂ ရက်က ရန်ကုန်မြို့ရှိ အရှေ့တိုင်းကိုယ်ပိုင်အထက်တန်း ကျောင်းမှာ ကျင်းပပါတယ်။
မြန်မာနဲ့တရုတ်လူငယ်တွေအကြား ယဉ်ကျေးမှုဖလှယ်ရေးမြှင့်တင်ဖို့နဲ့ တရုတ်ရိုးရာယဉ်ကျေးမှုဓလေ့တွေကို ပိုမိုသိရှိလာစေဖို့ ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာရဲ့တာဝန်ခံ မစ္စတာ ဟန်ကျားကျွင်းကပြောပါတယ်။
အဲဒီပွဲကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၊ အရှေ့တိုင်းကိုယ်ပိုင်အထက်တန်းကျောင်းတို့က ကြီးမှူးကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံ တရုတ်စာပန်းချီနှင့် ပန်းချီအသင်းအဖွဲ့၊ မြန်မာနိုင်ငံတရုတ်နွယ်ဖွားအမျိုးသမီးများအသင်းနဲ့ Bowen ကျောင်းတို့က ပံ့ပိုးကူညီခဲ့တာဖြစ်ပါတယ်။
တရုတ်ယဉ်ကျေးမှုပြသခြင်း လှုပ်ရှားမှုပွဲမှာကျောင်းသားကျောင်းသူတွေအတွက် အမေးအဖြေအစီအစဉ်တွေ၊ တေးဂီတဖျော်ဖြေရေးအစီအစဉ်တွေ၊ ဂိမ်းအစီအစဉ်တွေ၊ လက်ရေးလှစာပန်းချီရေးဆွဲတဲ့အစီအစဉ်တွေ၊ တရုတ်ရိုးရာလက်မှုစက္ကူပညာ၊ အမွှေးအိတ်လက်မှုပညာ သင်ကြားပြသပေးတဲ့အစီအစဉ်တွေ ထည့်သွင်းကျင်းပခဲ့သလို တရုတ်ရိုးရာအစားအစာတွေကိုလည်း တည်ခင်းဧည့်ခံကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE