ဓလေ့ထုံးစံ • 1 min read
သတင်း

ကချင်ရိုးရာ ကောက်သစ်စား(အင်လုံအင်နန်ရှား)ပွဲတော် ကျင်းပ

One News

Nov 18, 2026

ကချင်ရိုးရာ ကောက်သစ်စား(အင်လုံအင်နန်ရှား)ပွဲတော် ကျင်းပ
0 Shares
8 Views


ကချင်ပြည်နယ်မှာ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်တဲ့ ၂၀၂၆ ခုနှစ် ကချင်ရိုးရာ ကောက်သစ်စား (အင်လုံအင်နန်ရှား) ပွဲတော်ကို နိုဝင်ဘာလ ၁၇ ရက်က မြစ်ကြီးနားမြို့၊ စီတာပူ မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမမှာ ကျင်းပခဲ့ပါတယ်။အဲဒီပွဲတော်ဟာ ကချင်ပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသားတွေရဲ့ ထင်ရှားတဲ့ ရိုးရာပွဲတော် တစ်ခု ဖြစ်ပြီး နှစ်စဉ် ဆန်စပါး နဲ့ ကောက်ပဲသီးနှံ ရိတ်သိမ်းပြီးချိန်မှာ ကျင်းပလေ့ရှိတဲ့ ပွဲတော်တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

ကချင်ရိုးရာ ကောက်သစ်စားပွဲတော် မုခ်ဦးကို ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဝင် ဒေါ်ဒွဲဘူ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာ ယဉ်ကျေးမှု အသင်းချုပ် ဥက္ကဋ္ဌ နဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်တွေက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပါတယ်။

အဲဒီနောက် ကချင်ရိုးရာကောက်သစ်စားပွဲတော် ကျေးဇူးတော်ချီးမွမ်းပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။ဆက်လက်ပြီး ကျေးဇူးတော်ချီးမွမ်းဝတ်ပြုတဲ့ အစီအစဉ်ကို ကျင်းပရာမှာ ဘာသာရေး အသင်းအဖွဲ့ အသီးသီးက ဓမ္မဆရာတွေ၊ သိက္ခာတော်ရဆရာတွေက ဦးဆောင်ပြီး အဖွင့်ကျမ်းစာ ဖတ်ကြားတာ၊ ဆုတောင်းဆက်ကပ်တာ၊ ဓမ္မတေးသီချင်းသီဆိုတာ၊ တိုင်းရင်းသား၊ တိုင်းရင်းသူလေးတွေက ကောက်ပဲသီးနှံ တေးကဗျာရွတ်ဆို ချီးမွမ်းတာနဲ့ ဓမ္မဒေသနာတော်ဟောပြောတာ ၊ ငြိမ်းချမ်းရေးနဲ့ ဒေသ ဖွံ့ဖြိုးရေးအတွက် အထူးဆုတောင်းဆက်ကပ်တာတွေကို စုပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့လည်း သိရ ပါတယ်။

အဲဒီနောက်မှာတော့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနဲ့ တိုင်းမှူးတို့က ရိုးရာကောက်ဦး ပလိုင်းလက်ဆောင်တွေကို အခမ်းအနား တက်ရောက်လာကြတဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ ကောင်စီ အဖွဲ့ဝင်တွေ နဲ့ ဧည့်သည်တော်တွေဆီ ပေးအပ်ခဲ့ကြပြီး ဓမ္မတေးသီချင်း သီဆိုတာ နဲ့ ကောင်းချီး တောင်း ခံ ဆုတောင်းဆက်ကပ်ခဲ့ကြတယ်လို့ သိရပါတယ်။
 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ