မြန်မာ့ပုံရိပ်ကို ဖော်ပြထားသည့် ကဗျာခရီးသည်စာအုပ်မိတ်ဆက်
One News
Nov 21, 2026
လွန်ခဲ့တဲ့ နှစ်တစ်ရာ လောက်က မြန်မာပြည်ရဲ့ ပုံရိပ်တွေကို မြင်လာစေမယ့် ကဗျာခရီးသည် စာအုပ်ကို နိုဝင်ဘာလ ၂၁ ရက်က ရန်ကုန်မြို့ ၊ အတွင်းဝန်ရုံးရှိ ရတီပြခန်းမှာ မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ပါတယ်။အဲဒီစာအုပ်ဟာ ၁၉၁၃ ခုနှစ်က ထုတ်ဝေခဲ့တဲ့ ကဗျာဆရာ ရော့ဒ်ဝေးဆွင်းဟိုး ရဲ့ မြန်မာပြည်ခရီးသွားလမ်းညွှန် Incomplete Guide to Burma ကဗျာစာအုပ်ကို စာရေးဆရာ လွတ်လပ်အိမ်က ဘာသာပြန်ထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို သရုပ်ဖော်ထားတဲ့ ကဗျာ နဲ့ ပန်းချီတွေဖြစ်တဲ့အတွက် သမိုင်း၊စာပေ၊ အနုပညာလက်ရာတွေက တန်ဖိုးရှိတာကြောင့် ကဗျာခရီးသည်လို့ အမည်ပေးထားတာ ဖြစ်တယ်လို့ စာရေးဆရာ လွတ်လပ်အိမ်က ပြောပါတယ်။ဒါ့အပြင် ကဗျာဆရာ ရော့ဒ်ဝေးဆွင်းဟိုး နဲ့ သရုပ်ဖော် ပန်းချီဆရာကြီး တီမာတင်ဂျုန်း ကို ဂုဏ်ပြုတဲ့ အနေနဲ့ ရည်ရွယ်ပြီး ဘာသာပြန်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကဗျာခရီးသည် စာအုပ်မှာ ကဗျာဆရာ ရော့ဒ်ဝေးဆွင်းဟိုးရဲ့ မြန်မာပြည်အနှံ့ သွားရောက်ခဲ့စဉ်ကဧရာဝတီ၊ ရန်ကုန်၊ မန္တလေး၊ ရေနံချောင်း၊ မိုးကုတ်၊မြစ်ကြီးနား ဒေသတွေ နဲ့ ဆင်၊ မြွေ၊ ကျွဲ၊ ထန်းပင်၊ ဖိုးဝရုပ်၊ မြန်မာမိန်းကလေး အစရှိတဲ့ ရင်ထဲဝင်လာတဲ့ အာရုံသစ်တွေကို ဟာသနှောကာ ကဗျာအဖြစ်ရေးသားထားတာဖြစ်ပြီး ပန်းချီဆရာကြီး တီမာတင်ဂျုန်းက သရုပ်ဖော်ပန်းချီ ရေးဆွဲထားတာတွေ ပါဝင် တယ်လို့သိရပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE