အဆင့်မြင့်ပညာ • 1 min read
သတင်း

ပညာရေးနှင့်လူ့စွမ်းအားအရင်းအမြစ် တိုးတက်ရေး အမျိုးသားရေး တာဝန်ဖြစ်ဟု သမ္မတကြီး ပြောကြား

One News

Nov 17, 2026

ပညာရေးနှင့်လူ့စွမ်းအားအရင်းအမြစ် တိုးတက်ရေး အမျိုးသားရေး တာဝန်ဖြစ်ဟု သမ္မတကြီး ပြောကြား
0 Shares
4 Views

 

ပညာရေး နဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဟာ အစိုးရတစ်ရပ်တည်းရဲ့ တာဝန်မဟုတ်ဘဲ ဆရာ၊ ဆရာမတွေ၊ မိဘပြည်သူတွေ၊ သက်ဆိုင်ရာ ဌာနတွေ နဲ့ လူမှုအဖွဲ့အစည်းအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမယ့် အမျိုးသားရေးတာဝန်တစ်ရပ် ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် က ပြောပါတယ်။

နိုဝင်ဘာလ ၁၇ ရက်က နေပြည်တော်ရှိ Naypyitaw State Academy မှာ ကျင်းပတဲ့ ရန်ကုန်ပညာရေး တက္ကသိုလ် နဲ့ စစ်ကိုင်းပညာရေး တက္ကသိုလ် ပညာရေးဘွဲ့ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူတွေ ကို တွေ့ဆုံဩဝါဒစကား ပြောကြားရာမှာ နိုင်ငံတော်သမ္မတကြီးက အခုလို ပြောကြားခဲ့တာပါ။ဆရာ၊ ဆရာမတွေအနေနဲ့ မိမိတို့ရဲ့ ပညာရပ်ဆိုင်ရာ အသိပညာကိုသာ အားကိုးနေတာမျိုး မဟုတ်ဘဲ သတင်းအချက်အလက် နဲ့ ဆက်သွယ်ရေး နည်းပညာ၊ ဒီဂျစ်တယ် သင်ကြားရေး အထောက်အကူပြု ကိရိ ယာတွေ၊ အွန်လိုင်းသင်ယူမှု အရင်းအမြစ်တွေ နဲ့ AI နည်းပညာတွေကိုလည်း သင့်လျော်မှန်ကန်စွာ အသုံး ချတတ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

အဲဒီလို ဆောင်ရွက်ရာမှာ နည်းပညာကို အသုံးပြုနိုင်ရေး တစ်ခုတည်းကိုသာ ရည်ရွယ်တာ မဟုတ်ဘဲ နည်းပညာကို အသုံးချပြီး ကျောင်းသား၊ ကျောင်းသူတွေရဲ့ အသိပညာ၊ ကျွမ်းကျင်မှု နဲ့ လက်တွေ့စွမ်း ဆောင်ရည်တွေ တိုးတက်လာအောင် စီမံသင်ကြားပေးနိုင်ဖို့ ပိုမိုအရေးကြီးကာ နည်းပညာကို အသုံးပြု ရာမှာလည်း အချက်အလက် မှန်ကန်မှု ၊ ကိုယ်ရေးအချက်အလက် လုံခြုံမှု နဲ့ နည်းပညာဆိုင်ရာ ကျင့်ဝတ် တွေကို လိုက်နာကြဖို့ လိုတယ်လို့ နိုင်ငံတော်သမ္မတကြီးက ပြောပါတယ်။

အဲဒီအပြင် မိမိတို့ရဲ့ သင်ကြားရေးအတွေ့အကြုံတွေကို ပြန်လည်သုံးသပ်ပြီး အားသာချက်၊ အားနည်း ချက် တွေကို ဖော်ထုတ်ကာ ပိုမိုကောင်းမွန်တဲ့ သင်ကြားရေးနည်းလမ်းတွေကို ရှာဖွေကြဖို့ လိုအပ် ကြောင်း၊ အတွေ့အကြုံရှိတဲ့ ဆရာ၊ ဆရာမတွေဆီက လေ့လာသင်ယူပြီး သင်တန်းတွေ၊ ဆွေးနွေးပွဲတွေ နဲ့ အတွေ့အကြုံ ဖလှယ်ပွဲတွေမှာ ပါဝင်တာက တစ်ဆင့် မိမိတို့ရဲ့ ပညာရပ် နဲ့ သင်ကြားရေး စွမ်းရည်တွေ ကို အဆက်မပြတ် မြှင့်တင်သွားကြဖို့ကိုလည်း နိုင်ငံတော်သမ္မတကြီးက တိုက်တွန်းပါတယ်။

ဒါ့အပြင် ပညာရေးအပေါ်မှာ တန်ဖိုးထား၊ ဆရာ့ဂုဏ်သိက္ခာကို ထိန်းသိမ်းပြီး မိမိတို့ရဲ့ လုပ်ငန်းတာဝန် တွေကို တာဝန်သိသိ၊ သစ္စာရှိရှိ နဲ့ ကျေပွန်အောင် ထမ်းဆောင်သွားကြဖို့ အလေးအနက်ထား တိုက်တွန်း မှာကြားလိုပြီး “ဆရာကောင်းမှ တပည့်ကောင်းမည်၊ တပည့်ကောင်းမှ လူ့အဖွဲ့အစည်း ကောင်းမည်၊ လူ့ အဖွဲ့အစည်းကောင်းမှ အနာဂတ်ကောင်းကို တည်ဆောက်နိုင်မည်” ဆိုတဲ့ ယုံကြည်ချက်နဲ့ မိမိတို့ အားလုံး ပညာရေး တာဝန်ကို ဂုဏ်ယူစွာ၊ ကျေပွန်စွာ ထမ်းဆောင်နိုင်ကြပါစေကြောင်း နိုင်ငံတော်သမ္မတကြီးက ပြောကြားခဲ့ပါတယ်။

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ