အခြေခံပညာ • 1 min read
သတင်း

ကလေးသူငယ်များ အကြမ်းဖက်ခြင်း မခံရစေရေး အကာအကွယ်ပေးရမည်

One News

Nov 17, 2026

ကလေးသူငယ်များ အကြမ်းဖက်ခြင်း မခံရစေရေး အကာအကွယ်ပေးရမည်
0 Shares
8 Views

 

ကလေးသူငယ်တွေအပေါ်အကြမ်းဖက်တာ၊ လွဲမှားစွာပြုမူတာ၊ လျစ်လျူရှုတာနဲ့ အမြတ်ထုတ်တာတွေ မခံရစေ ရေးအတွက် အကာအကွယ်ပေးကြရမှာဖြစ်တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ပြောပါတယ်။

ကော့မှူးမြို့ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းမှာ ကျင်းပတဲ့ (၃၇)ကြိမ်မြောက် ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် နှစ်ပတ်လည်နေ့(ကမ္ဘာ့ကလေးများနေ့)အကြို အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲနဲ့ ချစ်ကြည်ရေးဘောလုံးပွဲမှာ အခုလို ပြောကြားခဲ့တာပါ။ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်နဲ့အညီ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေ(၂၀၁၉)ကို ပြဋ္ဌာန်းထားပြီး ကလေးသူငယ်အခွင့်အရေးတွေ ရရှိရေးဆောင်ရွက် ပေးနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကလေးသူငယ်ဘဝမှာ စာပေနဲ့ အသက်မွေးဝမ်းကျောင်းပညာတွေကို သင်ယူပြီး ဗလငါးတန် ဖွံ့ဖြိုးတဲ့ လူငယ်တွေဖြစ်လာအောင် ကြိုးစားကြရမှာဖြစ်သလို အနာဂတ်မှာ အားကိုးရတဲ့ နိုင်ငံ့သားကောင်း ရတနာကလေးတွေဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြဖို့ကိုလည်း ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က မှာကြားခဲ့ပါတယ်။

အဲဒီ ကော့မှူးမြို့ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းဟာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ (၂၀၁၉)အရ အသက် ၁၈ နှစ်အောက် ကလေးသူငယ်အမျိုးသား ၄၉၂ ယောက်ကို လက်ခံစောင့်ရှောက်ပေးထား တဲ့ ကျောင်းဖြစ်တယ်လို့လည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနကနေ သိရပါတယ်။
 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ