ဆေးဝါး • 1 min read
သတင်း

ရင်သားကင်ဆာကုသဆေးအသစ် FDA အတည်ပြု

One News

Nov 24, 2026

ရင်သားကင်ဆာကုသဆေးအသစ် FDA အတည်ပြု
0 Shares
3 Views

 

အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန(FDA)ဟာ ဆွစ်ဇာလန်ဆေးဝါးကုမ္ပဏီကြီး Roche က ထုတ်လုပ်တဲ့ ရင်သားကင်ဆာကုသဆေးအသစ် Wilserdly ကို အစောပိုင်းအဆင့် ရင်သားကင်ဆာလူနာ တချို့ အတွက် အသုံးပြုခွင့် အတည်ပြုပေးလိုက်တယ်လို့ Reuters သတင်းမှာဖော်ပြပါတယ်။

အခုလို အတည်ပြုပေးလိုက်တာဟာ ရင်သားကင်ဆာကုသမှုဆိုင်ရာ ဟော်မုန်းကုထုံးအသစ်တစ်မျိုးကို နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် ခွင့်ပြုပေးလိုက်တာလည်း ဖြစ်ပါတယ်။Wilserdly လို့ခေါ်တဲ့ ဒီဆေးရဲ့ နောက်ထပ်အမည်ကတော့ Giredestrant ဖြစ်ပါတယ်။ အထူးသဖြင့် ခွဲစိတ်ကုသမှု ခံယူပြီးနောက် ကင်ဆာပြန်ဖြစ်နိုင်ခြေ အလယ်အလတ်ကနေ မြင့်မားတဲ့ အန္တရာယ်ရှိနေတဲ့ ရင်သားကင်ဆာလူနာ တွေအတွက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒီဆေးကို အသုံးပြုခွင့်ပေးထားတဲ့ လူနာတွေဟာ Estrogen Receptor-positive (ER-positive) နဲ့ HER2-negative အမျိုးအစား ရင်သားကင်ဆာဖြစ်ပြီး ရောဂါအဆင့် Stage I ကနေ Stage III အတွင်းရှိသူတွေ ဖြစ်ပါတယ်။Wilserdly ဆေးဟာ တစ်နေ့တစ်ကြိမ် သောက်သုံးရတဲ့ ဆေးပြားအမျိုးအစားဖြစ်ပါတယ်။ ဒီဆေးရဲ့ အဓိကလုပ် ဆောင်ပုံကတော့ အီစထရိုဂျင်  ဟော်မုန်းကို ကင်ဆာဆဲလ်တွေ ကြီးထွားလာအောင် အထောက်အကူမပြုနိုင်စေဖို့ တားဆီးပေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကင်ဆာဆဲလ်တွေပေါ်မှာရှိနေတဲ့ Estrogen Receptor လို့ခေါ်တဲ့ ဟော်မုန်းလက်ခံပစ္စည်းအရေအတွက်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။

အဲဒီနည်းလမ်းနဲ့ ကင်ဆာဆဲလ်တွေ ကြီးထွားလာမှုကို ထိန်းချုပ်ပေးပြီး ခွဲစိတ်ကုသပြီးနောက် ကင်ဆာပြန်လည် ဖြစ်ပွားနိုင်ခြေကို လျှော့ချဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။Roche ကုမ္ပဏီရဲ့ ပြောကြားချက်အရ Wilserdly ဆေးကို လာမယ့်ရက်ပိုင်းအတွင်း အမေရိကန်ဈေးကွက်မှာ စတင်ရရှိနိုင်မှာဖြစ်ပြီး သတ်မှတ်ထားတဲ့ တစ်လစာ ဆေးဝါးဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၂၂,၅၀၀ ရှိမှာဖြစ်တယ်လို့သိရပါတယ်။

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ