ကွန်ဂိုတွင် ဖြစ်ပွားနေသည့် အီဘိုလာဗိုင်းရပ်စ်အကြောင်း အဖြေရှာနေ
One News
Nov 21, 2026
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DR Congo) မှာ အီဘိုလာရောဂါ ကူးစက်ပျံ့နှံ့နေတာဟာ ခြောက်လကျော်လာပြီ ဖြစ််လို့ ဒီဗိုင်းရပ်စ်ကို ဘယ်လိုနည်းလမ်းနဲ့ ထိန်းချုပ်နိုင်မလဲဆိုတာကို သိပ္ပံပညာရှင်တွေက အဖြေရှာနေကြတယ်လို့ CNN သတင်းမှာ ဖော်ပြပါတယ်။
လက်ရှိအချိန်အထိ ကူးစက်သူ ၁၁,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၅,၅၀၀ ကျော် ရှိလာပြီလို့ သိရပါတယ်။ဒီဗိုင်းရပ်စ်ဟာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း အနောက်အာဖရိကမှာ ဖြစ်ပွားခဲ့တဲ့ အီဘိုလာကပ်ရောဂါကြီးထက် ကူးစက်ပျံ့နှံ့နှုန်း နှစ်ဆလောက် ပိုမြန်နေတယ်လို့ ဆိုပါတယ်။ အဲဒီအနောက်အာဖရိက ကပ်ရောဂါဟာ မှတ်တမ်းတင်ထားသမျှ အကြီးမားဆုံး အီဘိုလာကူးစက်မှု ဖြစ်ပါတယ်။
အခုထိတော့ ဗိုင်းရပ်စ်ကို ကုသနိုင်ဖို့ တရားဝင်အသိအမှတ်ပြုထားတဲ့ ဆေးဝါးနဲ့ ကာကွယ်ဆေးတွေ မရှိသေးပါဘူး။ကျွမ်းကျင်သူတချို့ကတော့ ရောဂါဖြစ်ပွားနေတဲ့ ကွန်ဂိုအရှေ့ပိုင်းဒေသဟာ အရင်ကတည်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေ ရင်ဆိုင်နေရတဲ့ နေရာဖြစ်တာကြောင့် ရောဂါအခြေအနေကို လေ့လာဖို့ နဲ့ ထိန်းချုပ်ဖို့ ပိုမိုခက်ခဲစေနိုင်တယ်လို့ ပြောပါတယ်။ဒါပေမဲ့ လက်ရှိရရှိထားတဲ့ အချက်အလက်တွေဟာ အကန့်အသတ် ရှိသလို အမျိုးမျိုးကွဲပြားနေပြီး စုဆောင်းရတာလည်း ခက်ခဲတာကြောင့် အခုချိန်မှာ ကောက်ချက်ချဖို့ စောလွန်းသေးတယ်လို့ သတိပေးထားကြပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE