ပဲခူး၌ ဆီဘောက်ဆာ နှင့် မီနီအိုးဝေ တိုက်မိ၍ မီနီအိုးဝေ မီးလောင်
One News
Nov 17, 2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ အဝိုင်းကျေးရွာအနီး အနောက်မြို့ရှောင်လမ်းပေါ်မှာ နိုဝင်ဘာလ ၁၇ ရက်၊ မွန်းလွဲပိုင်းက ဆီဘောက်ဆာယာဥ် နဲ့ မီနီအိုးဝေ တိုက်မိရာမှာ မီနီအိုးဝေ မီးလောင်မှု ဖြစ်ပွား ခဲ့တယ်လို့ ပဲခူးမြို့နယ် မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။
မီးလောင်မှု ဖြစ်ပွားရတာဟာ ဆီဘောက်ဆာယာဥ် နဲ့ မီနီအိုးဝေ တိုက်မိပြီးနောက် မီနီအိုးဝေ က ဝါယာရှော့ခ် ဖြစ်ကာ မီးလောင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။မီးလောင်မှု ဖြစ်ပွားတဲ့ နေရာကို ပဲခူးမြို့နယ် မီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေက မီးငြှိမ်းသတ် ယာဉ်တွေနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ရာ မိနစ် ၂၀ အကြာမှာ မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။မီးလောင်မှုကြောင့် မီနီအိုးဝေ တစ်စီးလုံး မီးလောင်ပျက်စီးခဲ့ပြီး လူထိခိုက်မှု မရှိခဲ့သလို ဖြစ်စဉ် နဲ့ ပတ် သက်လို့ ပဲခူးမြို့မရဲစခန်းက စစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
စည်းကမ်းမဲ့မောင်းသည့် ဆောက်လုပ်ရေးပစ္စည်းသယ်ကား ၈၅ စီးအား အရေးယူ
One News
Nov 16, 2026 13နေပြည်တော်ကောင်စီနယ်မြေအတွင်း အုတ်၊ သဲ၊ ကျောက်၊ မြေတွေ တင်ဆောင်ပြီး အမိုးအကာမပါဘဲ စည်းကမ်း ပျက်မောင်းနှင်တဲ့ မော်တော်ယာဉ် ၈၅ စီးကို ဖမ်းဆီးရမိကာ နေပြည်တော်စည်ပင်သာယာရေးဥပဒေနဲ့ တရားစွဲ တင် အရေးယူခဲ့တယ်လို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။