အိမ်ခြံမြေ • 1 min read
သတင်း

မော်တင်ယာယီဈေးဂိုဒေါင်မီးလောင်မှု မိနစ် ၄၀ ကျော်ကြာငြှိမ်းသတ်ခဲ့ရ

One News

Nov 21, 2026

မော်တင်ယာယီဈေးဂိုဒေါင်မီးလောင်မှု မိနစ် ၄၀ ကျော်ကြာငြှိမ်းသတ်ခဲ့ရ
0 Shares
5 Views

 

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ မော်တင်ယာယီရပ်ကွက်ရှိ မော်တင်ယာယီဈေးမှာ နိုဝင်ဘာလ ၂၀ ရက်၊ မနက်အစောပိုင်းက ဂိုဒေါင်မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဲဒီမီးလောင်မှုကို မိနစ် ၄၀ ကျော်ကြာငြှိမ်းသတ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေသိရပါတယ်။

ဖြစ်စဥ်မှာ နိုဝင်ဘာလ ၂၀ ရက်၊ မနက် ၅နာရီ ၁၀မိနစ်အချိန်ခန့်က လမ်းမတော်မြို့နယ်၊ မော်တင်ယာယီရပ်ကွက်၊ မော်တင်ယာယီဈေးမှာ ဂိုဒေါင်မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။

မီးလောင်မှုဖြစ်ပွားရာနေရာကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်တွေက Level 1 ယာဉ်အုပ်စုနဲ့သွားရောက်ငြှိမ်းသတ်ခဲ့ရာ မနက် ၅ နာရီ ၄၅မိနစ်အချိန်မှာမီးထိန်းနိုင်ခဲ့ပြီး မနက် ၅ နာရီ ၅၇ မိနစ်အချိန်မှာတော့မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။ Photo_MFSD

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ