ဖရဲသီးများ တရုတ်ဈေးကွက်သို့ စတင် တင်ပို့
One News
Nov 19, 2026
မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတွေကနေတစ်ဆင့် တရုတ်နိုင်ငံဈေးကွက်ကို ဖရဲသီးတွေ စတင် တင်ပို့နေပြီ ဖြစ်တယ်လို့ နယ်စပ်ကုန်သည်အသိုင်းအဝိုင်းက သိရပါတယ်။လက်ရှိမှာတော့ ကျိုင်းတုံ-မိုင်းလား လမ်းကြောင်းကနေ ဖရဲသီးတွေ စတင်တင်ပို့နိုင်ဖို့ ပြင်ဆင်နေကြပြီလို့ ဆိုပါ တယ်။ မိုးဖရဲသီးတွေက ရှမ်းပြည် နယ်(မြောက်ပိုင်း)ကို စတင်ဝင်ရောက်နေပြီး ရာသီဥတု အခြေအနေကြောင့် အခွံအစက်အပျောက်ပါတဲ့ ရေနာ ဖရဲသီးတွေ များနေတယ်လို့ သိရပါတယ်။
တရုတ်ဈေးကွက်မှာ အသီးအရည်အသွေးပေါ် မူတည်ပြီး ဖရဲတစ်တန်ကို ယွမ် ၂၂၀၀ ဝန်းကျင် ပေါက်ဈေး ရှိနေ ပေမယ့်လည်း အသီးအရည်အသွေး ကျတဲ့အတွက် တစ်တန်ကို ယွမ် ၂၀၀၀ ဝန်းကျင်အောက်နဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့ ဆိုပါတယ်။ဖရဲသီးတွေကို နယ်စပ်ကနေ တင်ပို့တဲ့အခါမှာ ဖရဲသီး တစ်လုံးချင်းစီကို ဂျပ်ဖာနဲ့ ထုပ်ပိုးပေးရတဲ့စနစ်နဲ့ တင်ပို့နေ တာ ဖြစ်ပါတယ်။
မနှစ်က ဖရဲသီးရာသီမှာ စိုက်ပျိုးထုတ်လုပ်မှု များပြားတဲ့အပြင် တင်ပို့မှုစရိတ် မြင့်တက်ခဲ့တာကြောင့် မန္တလေး၊ စစ်ကိုင်း၊ ရန်ကုန်နဲ့ ရှမ်းမြောက်ဒေသထွက် ဖရဲသီးတွေ တင်ပို့ရာမှာ အရှုံးတွေ ရှိခဲ့လို့ ဒီနှစ် ဖရဲသီးရာသီမှာလည်း ကုန်သည်တွေက ဈေးကွက်ကို စောင့်ကြည့်နေကြတယ်လို့ ဖရဲသီးကုန်သည်တချို့က ပြောပါတယ်။အခုနှစ် ဖရဲသီးရာသီမှာ ပြည်တွင်းဈေးကွက်ကို ၅၀ ရာခိုင်နှုန်းကျော်လောက် အားထားရောင်းချရမယ်လို့လည်း ကုန်သည်တချို့က ခန့်မှန်းထားကြပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
၇ လအတွင်း FDI တန်ဖိုး အမေရိကန်ဒေါ်လာ ၄၈၂ သန်းကျော်ရှိ
One News
Nov 20, 2026 9၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ် ဧပြီလကနေ အောက်တိုဘာလအထိ (၇)လအတွင်း ပြည်တွင်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄၈၂ သန်းကျော်ရှိတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။