မကွေးတွင် တန်ဆောင်တိုင် MSME ဈေးရောင်းပွဲတော်ကျင်းပနေ
One News
Nov 23, 2026
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့အစီအမံနဲ့ မကွေးမြို့၊ မြသလွန်ဘုရားပွဲတော်ကွင်းမှာ တန်ဆောင်တိုင် MSME ဈေးရောင်းပွဲတော်ကို နိုဝင်ဘာလ ၂၁ရက်ကနေ ၂၄ရက်အထိ ကျင်းပနေတယ်လို့သိရပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းကထုတ်ကုန်တွေကို အများပြည်သူသိရှိဝယ်ယူနိုင်အောင် ထုတ်ဖော်ပြသလိုတဲ့ရည်ရွယ်ချက်နဲ့ ကျင်းပတာဖြစ်တယ်လို့ ဆိုပါတယ်။တိုင်းဒေသကြီးရဲ့ထုတ်ကုန်တွေဈေးကွက်တွေရရှိလာဖို့၊ နိုင်ငံတော်ရဲ့မူဝါဒါဒအရ SME လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်လာဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ ကျင်းပတာဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီးစက်မှု့ကြီးကြပ်နှင့်စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ထွန်းအောင်ကပြောပါတယ်။
ဈေးရောင်းပွဲတော်မှာ ကုန်ပစ္စည်းအမျိုးပေါင်း (၂၃၀) ကျော် ရောင်းချနေတဲ့ ဆိုင်ခန်းပေါင်း (၃၀) ပါဝင်တယ်လို့ဆိုပါတယ်။ဒါ့အပြင် ဈေးရောင်းပွဲတော်ညပိုင်းအစီအစဥ်အဖြစ် ဖြိုးမြတ်အောင်၊ ခြူးလေး၊ ဘုန်းလျှံ၊ ရွှေရူပါဦးစတဲ့ အနုပညာရှင်တွေနဲ့အတူ မကွေးတိုင်းဒေသကြီးက နယ်ခံအနုပညာရှင်တွေရဲ့ စတိတ်ရှိုးဖျော်ဖြေတင်ဆက်မှုအစီအစဥ်လည်း ပါဝင်တယ်လို့သိရပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE