ရာသီဥတု • 1 min read
သတင်း

ထားဝယ်မြို့တွင် နှစ်ပေါင်း ၈၀ အတွင်း အပူချိန်စံချိန်သစ်တင်မြင့်တက်

One News

Nov 18, 2026

ထားဝယ်မြို့တွင် နှစ်ပေါင်း ၈၀ အတွင်း အပူချိန်စံချိန်သစ်တင်မြင့်တက်
0 Shares
10 Views

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာ နိုဝင်ဘာလ ၁၇ ရက်က နှစ်ပေါင်း ၈၀ အတွင်း အမြင့်ဆုံး အပူချိန် စံချိန်သစ်တင်ခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ နိုဝင်ဘာလ ၁၈ ရက်မှာထုတ်ပြန်တဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ထားဝယ်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်ကလည်း အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်ခဲ့ပြီး အဲဒီအပူချိန်စံ ချိန်ဟောင်းမှာ ၃၇ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်သာရှိခဲ့ပြီး အခု နိုဝင်ဘာလ ၁၇ ရက်မှာဖြစ်ပေါ်ခဲ့တဲ့ အမြင့်ဆုံးအပူချိန်စံချိန်သစ်ကတော့ ၃၈ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်အထိရှိခဲ့တာဖြစ်ပါတယ်။

အခုနိုဝင်ဘာလ ဒုတိယဆယ်ရက်ပတ်အတွင်းမှာ ဖြစ်ပေါ်နိုင်တဲ့ နေ့အပူချိန်တွေနဲ့ပတ်သက်လို့ ထုတ်ပြန်ချက်မှာတော့ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နိုဝင်ဘာလပျမ်းမျှအပူချိန်ရဲ့ ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်နဲ့အထက်ပိုနိုင်ပြီး မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့ မှာတော့ နိုဝင်ဘာ လပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်တယ်လို့ဆိုပါတယ်။

ညအပူချိန်တွေအနေနဲ့ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေ သကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နိုဝင်ဘာလ ပျမ်းမျှအပူချိန်ရဲ့ ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်နဲ့အထက်ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည် နယ်တို့မှာတော့ နိုဝင်ဘာလ ပျမ်းမျှအပူချိန်ခန့်သာရှိနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ