သွားလာမှု • 1 min read
သတင်း

တိုက်ကြီး၌ယာဉ်တိုက်မှု ယာဉ်မောင်းတစ်ဦး သေဆုံး

One News

Nov 19, 2026

တိုက်ကြီး၌ယာဉ်တိုက်မှု ယာဉ်မောင်းတစ်ဦး သေဆုံး
0 Shares
12 Views

 

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အိုးတန်းရပ်ကွက်၊ ရန်ကုန်-ပြည် ကားလမ်းမှာ နိုဝင်ဘာလ ၁၈ ရက်၊ ည ၁၁ နာရီလောက်က ယာဉ်တိုက်မှုဖြစ်ပွားရာ ယာဉ်မောင်းတစ်ယောက် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ကနေ သိရပါတယ်။

မှော်ဘီကနေ တိုက်ကြီးကို မောင်းလာတဲ့ MAZDA BONGO PICKUP အဖြူရောင်ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမှာ ရပ်ထားတဲ့ MITSUBISHI CANTER အဖြူရောင် ခြောက်ဘီးယာဉ်ကို နောက်ကနေ ဝင်ရောက်တိုက် မိခဲ့တာလို့ ဆိုပါတယ်။ ယာဉ်တိုက်မှုကြောင့် MAZDA BONGO PICKUP ယာဉ်မောင်း အမျိုးသားဟာ ယာဉ်မောင်း ခန်းအတွင်း ညပ်ပြီး သေဆုံးခဲ့သလို ယာဉ်နှစ်စီးပေါ် လိုက်ပါလာတဲ့ အမျိုးသားသုံးယောက်လည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် သေဆုံးသူနဲ့ဒဏ်ရာရသူတွေကို လူမှုကူညီရေးအသင်းကားနဲ့ တိုက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရပါတယ်။

 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
သွားလာမှု
သတင်း

မြန်မာ့မီးရထားပို့ဆောင်ရေးသိပ္ပံ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေဟု သမ္မတကြီး ပြော

One News

Nov 19, 2026 18

မိတ္ထီလာမြို့ရှိ ဗဟိုပို့ဆောင်ဆက်သွယ်ရေးသင်တန်းကျောင်းကို မြန်မာ့မီးရထားပို့ဆောင်ရေး သိပ္ပံအဖြစ် အဆင့်မြှင့်တင်ပြီး သုံးနှစ်သင်တန်းတွေ ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်နေတယ်လို့ နိုင်ငံတော် သမ္မတကြီး ဦးမင်းအောင်လှိုင်က ပြောပါတယ်။