စကြာဝဠာ • 1 min read
သတင်း

တရုတ်နိုင်ငံမှ လူလိုက်ပါမည့် Shenzhou-24 အာကာသယာဉ် လွှတ်တင်ရန်အဆင်သင့်ဖြစ်နေ

One News

Nov 22, 2026

တရုတ်နိုင်ငံမှ လူလိုက်ပါမည့် Shenzhou-24 အာကာသယာဉ် လွှတ်တင်ရန်အဆင်သင့်ဖြစ်နေ
0 Shares
8 Views

 

တရုတ်နိုင်ငံက လူလိုက်ပါမယ့် Shenzhou-24 အာကာသယာဉ်ဟာ လွှတ်တင်ရေးစခန်းမှာ လိုအပ်တဲ့ ပြင်ဆင်မှုအားလုံးပြီးစီးသွားပြီဖြစ်ပြီး စက်ပစ္စည်းတွေ၊ ဝန်ထမ်းတွေနဲ့ လုပ်ငန်းဆောင်ရွက်မှုစနစ်အားလုံးဟာ လွှတ်တင်ဖို့အသင့်အနေအထားမှာ ရှိနေပြီဖြစ်တယ်လို့ ဆင်ဟွာသတင်းမှာဖော်ပြပါတယ်။

ပြီးခဲ့တဲ့စနေနေ့က Shenzhou-24 မစ်ရှင်အတွက် နောက်ဆုံးအဆင့် အထွေထွေစနစ် ပူးပေါင်းလေ့ကျင့်မှုကို အောင်မြင်စွာပြုလုပ်ပြီးစီးခဲ့ပါတယ်။ လွှတ်တင်ရေးစခန်းရဲ့ ထုတ်ပြန်ချက်အရ သက်ဆိုင်ရာစနစ်အားလုံးဟာ ပုံမှန်အခြေအနေမှာရှိနေပြီး အားလုံး ကောင်းမွန်နေတယ်လို့ ဆိုပါတယ်။

အာကာသယာဉ်မလွှတ်တင်ခင် လိုအပ်တဲ့ စက်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေ၊ စနစ်အချင်းချင်းပူးပေါင်းစမ်းသပ်မှုတွေနဲ့ ဒုံးပျံလောင်စာဖြည့်တင်းမှုတွေကိုလည်း သတ်မှတ်ထားတဲ့ အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ