တိုင်းဒေသကြီး ပြည်နယ်လွှတ်တော် • 1 min read
သတင်း

အရက်လိုင်စင်ကြေးတိုးမြှင့်မည့် ဥပဒေကြမ်း ရန်ကုန်တိုင်းလွှတ်တော် အတည်ပြု

One News

Nov 20, 2026

အရက်လိုင်စင်ကြေးတိုးမြှင့်မည့် ဥပဒေကြမ်း ရန်ကုန်တိုင်းလွှတ်တော် အတည်ပြု
0 Shares
11 Views

 

အရက်လိုင်စင်ကြေး တိုးမြှင့်ကောက်ခံဖို့ ထည့်သွင်းပြဋ္ဌာန်းထားတဲ့ ရန်ကုန်တိုင်းဒေသကြီးယစ်မျိုးခွန်ဥပဒေအပေါ် တတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းကို နိုဝင်ဘာလ ၂၀ ရက်က ကျင်းပတဲ့ တတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး စတုတ္ထနေ့မှာ အတည်ပြုလိုက်ပါတယ်။

အဲဒီဥပဒေကြမ်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်က ကျင်းပခဲ့တဲ့ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးပထမနေ့မှာ ဥပဒေကြမ်းကော်မတီက တင်သွင်းခဲ့တာပါ။မူလဥပဒေမှာ အရက်ချက်လုပ်ခွင့်လိုင်စင်(D-1လိုင်စင်)နဲ့ပတ်သက်ပြီး လုပ်ငန်းအသေး ကျပ် ၇၅ သိန်း၊ လုပ်ငန်း အလတ် ကျပ်သိန်း ၁၅၀ နဲ့ လုပ်ငန်းအကြီး ကျပ်သိန်း ၂၅၀ ကောက်ခံဖို့ သတ်မှတ်ပြဋ္ဌာန်းခဲ့ပေမယ့် အခုပြင်ဆင် လိုက်တဲ့ ဥပဒေကြမ်းထဲမှာတော့ လုပ်ငန်းအသေး ကျပ်သိန်း ၁၀၀၊ လုပ်ငန်းအလတ် ကျပ်သိန်း ၂၀၀ နဲ့ လုပ်ငန်း အကြီး ကျပ်သိန်း ၃၀၀ အထိ တိုးမြှင့်ကောက်ခံဖို့ ပြင်ဆင်ဖြည့်စွက်ထားတာ ဖြစ်ပါတယ်။

အဲဒီဥပဒေကြမ်းကို လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူရာမှာ ကန့်ကွက်သူ မရှိတဲ့အတွက် အတည်ပြုကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်က ကြေညာခဲ့ပါတယ်။
 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ