ဗိုလ်တထောင်စေတီတော်၌ မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပ
One News
Nov 24, 2026
ရန်ကုန်မြို့ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မှာ ၄၂ ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်းကပ် လှူပူဇော်ပွဲကို နိုဝင်ဘာလ ၂၄ရက်၊ တန်ဆောင်မုန်းလပြည့်နေ့ မနက် ၅ နာရီအချိန်က စေတီတော်ရင်ပြင်မှာ ကျင်းပခဲ့ပါတယ်။
မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ နဲ့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ ဧရာဝတီရေတပ်စခန်း ဌာနချုပ်က ဌာနချုပ်မှူး ဗိုလ်ချုပ် ဇော်ဦးနဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ၊ မသိုးသင်္ကန်းအလှူရှင်တွေ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်တွေနဲ့ ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပါတယ်။
မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲမှာ မသိုးရွှေကြာသင်္ကန်း ရက်ပြိုင်ပွဲက စင်တော် ၂၄ စင်မှာ ရက်ခတ်တဲ့သင်္ကန်း တွေကိုကိုင်ဆောင်ပြီး စေတီတော်ကြီးကို လက်ယာရစ် တစ်ပတ်လှည့်လည်ပူဇော်ကာ ဆံတော်မြတ်ရတနာ၊ နန်းဦးဘုရားကြီး၊ တန်ဆောင်းအသီးသီးရှိ မြတ်စွာဘုရားဆင်းတုတော်တွေကို မသိုးသင်္ကန်း ကပ်လှူပူဇော်ခဲ့ တယ်လို့ဆိုပါတယ်။
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မှာ မသိုးသင်္ကန်းရက်လုပ်ယှဉ်ပြိုင်ပွဲကိုလည်း နိုဝင်ဘာလ ၂၃ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး ပထမဆုအဖြစ် ကျပ်သိန်း ၂၀ ၊ ဒုတိယဆုအဖြစ် ကျပ် ၁၅ သိန်း ၊ တတိယဆုအဖြစ် ကျပ် ၁၃ သိန်း ၊ နှစ်သိမ့်ဆုအဖြစ် ကျပ် ၅ သိန်းစီ နဲ့ အရန်အဖွဲ့ကိုလည်း ကျပ် ၅ သိန်းစီ ဆုတွေချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
သမ္မတကြီးနှင့်ဇနီး မာရဝိဇယဗုဒ္ဓဥယျာဉ် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲ တက်ရောက်
One News
Nov 24, 2026 16နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ရေပန်းရင်ပြင်မှာ ၂၀၂၆ ခုနှစ် တန်ဆောင်တိုင်ပွဲတော် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၃ ရက် ညနေပိုင်းက ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။
-
နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်နှင့်ဇနီး မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
-
အဆောက်အဦများ၏အမိုးပေါ်တွင် ဆိုလာတပ်ဆင်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရောင်းချခြင်းအစီအစဉ်တွင် ပါဝင်ရန်ဖိတ်ခေါ်
-
ICJ စီရင်ချက်ကို အချိန်ယူ၍ အလေးထား လေ့လာသွားမည်
-
ICJ ဆုံးဖြတ်ချက် တရားမျှတမှုမရှိဟု ဒေါက်တာခိုင်ခိုင်စိုး ပြော
-
ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်အဆိုအား မြန်မာ ပယ်ချ
-
ငါးနှစ်အတွင်း လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅၀၀၀ ကျော် တိုးထုတ်ရန် ကြိုးပမ်းနေဟု သမ္မတကြီး ပြော