ရန်ကုန်စတော့အိတ်ချိန်းရဲ့ စတော့ရှယ်ယာတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ရှယ်ယာစောင်ရေ ၂ သိန်း ၄ သောင်း ကျော် အရောင်းအဝယ်ရှိခဲ့ပြီး တန်ဖိုးငွေ ကျပ်အနေနဲ့ ၉၃၃ သန်းကျော်ရှိခဲ့ကာ အောက်တိုဘာလထက် မြင့်တက် လာတယ်လို့ ရန်ကုန်စတော့အိတ်ချိန်းရဲ့ အချက်အလက်တွေအရ သိရပါတယ်။

အောက်တိုဘာလတုန်းက စတော့ ရှယ်ယာစောင်ရေ ၁ သိန်း ၇သောင်းကျော်သာ အရောင်းအဝယ်ရှိခဲ့ပြီး တန်ဖိုးငွေ ကျပ်အနေနဲ့ ၅၂၇ သန်းကျော် သာ ရှိခဲ့တာပါ။ လက်ရှိ ရန်ကုန်စတော့အိတ်ချိန်း Main Board မှာ အများပိုင်ကုမ္ပဏီ ၈ ခုနဲ့ နေ့စဉ် အစုရှယ်ယာ အရောင်း အဝယ်တွေကို ဆောင်ရွက်နေပါတယ်။

ဒါ့အပြင် ရန်ကုန်စတော့အိတ်ချိန်းရဲ့ စာရင်းဝင်အကြိုဈေးကွက် (Pre – Listing Board )မှာ လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့ကုမ္ပဏီနဲ့ အရောင်းအဝယ်တွေ ဆောင်ရွက်နေပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။