မြန်မာနိုင်ငံရဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်တဲ့ ဦးသိမ်းဝေ (ခေါ်) မစ္စတာ ဆာ့ပန်းဟာ သူရဲ့ Yoma Strategic Holdings ကုမ္ပဏီရဲ့ အမှုဆောင်ဥက္ကဋ္ဌ အဖြစ်ကနေ နုတ်ထွက်လိုက်တယ်လို့ ဇူလိုင် ၂၄ ရက်မှာ Yoma Strategic Holdings ကုမ္ပဏီက ထုတ်ပြန်ပါတယ်။
သူ့နေရာမှာတော့ အမှုဆောင်အရာရှိချုပ်အဖြစ် ဆောင်ရွက်နေတဲ့ သူရဲ့သားဖြစ်သူ မဲလ်ဗင်ပန်းကို ခန့်အပ်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ မကြာသေးမီက မစ္စတာ ဆာ့ပန်း နဲ့ ပတ်သက်ပြီး ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေ မြန်မာနိုင်ငံအတွင်း ဘဏ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေ နဲ့ စေ့စပ်ဆွေနွေးမှုတွေနဲ့ ပတ်သက်ပြီး မရေရာတဲ့ အခြေအနေကို ဖြစ်ပေါ်စေခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီအခြေအနေတွေကြောင့် ကုမ္ပဏီရဲ့ဒါရိုက်တာအဖွဲ့နဲ့အတူ မစ္စတာဆာ့ပန်းဟာ အဲဒီရာထူးဆက်ခံရေး အစီအမံတွေ မြန်ဆန်လာအောင် ကုမ္ပဏီ၊ အစုရှယ်ယာရှင်တွေ၊ ဝန်ထမ်းတွေ၊ ဖောက်သည်တွေရဲ့ အကောင်းဆုံး အကျိုးစီးပွားကို ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မစ္စတာ ဆာ့ပန်း အနေနဲ့ ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စရပ်တွေကို ဖြေရှင်းဖို့နဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ အာရုံစိုက်နိုင်စေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။