အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲချုပ် (ILO) က ဆုံးဖြတ်တဲ့ Article 33 ရဲ့ အကြံပြုလုပ်ငန်းစဉ်တွေနဲ့ စပ်လျဉ်းပြီး အလုပ်ရှင် အလုပ်သမား ဆက်ဆံရေးတိုးတက်မှုကို ရှေးရှုပြီး မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)အနေနဲ့ ILO အပါအဝင် အလုပ်ရှင်၊ အလုပ်သမား အစိုးရကိုယ်စားလှယ်တွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို MGMA က ထုတ်ပြန်လိုက်ပါတယ်။

ဇွန်လ ၂ရက်နေ့ကနေ ဇွန်လ ၁၅ရက်အထိ ကျင်းပပြုလုပ်တဲ့ ၁၁၃ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံမှာ ILO က မြန်မာနိုင်ငံအပေါ် ILO Constitution Article 33 ကျင့်သုံးမှုအစီအမံတွေနဲ့ စောင့်ကြည့်ဖို ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။ဒီလိုဆုံးဖြတ်ချက်ချမှုအပေါ် အလုပ်သမားများစွာ မှီခိုလုပ်ကိုင်နေတဲ့ မြန်မာ့ CMP လုပ်ငန်းကဏ္ဍအတွက် များစွာစိတ်မကောင်း ဖြစ်ရတယ်လို MGMAက ဆိုပါတယ်။မြန်မာ့CMP လုပ်ငန်းကဏ္ဍမှာ အထည်ချုပ်လုပ်ငန်း၊ အိတ်ချုပ်လုပ်ငန်း ၊ဖိနပ်လုပ်ငန်းနဲ့ လျှပ်စစ်ပစ္စည်းတပ်ဆင်တဲ့လုပ်ငန်း ပါဝင်ပါတယ်။CMP လုပ်ငန်းစက်ရုံတွေဟာ ကုန်ကြမ်းပေး ကုန်ချောယူ (CMPလက်ခစား) စနစ်နဲ့ လုပ်ကိုင်နေကြတာပါ။CMP စက်ရုံတွေမှာ လုပ်သားဦးရေ ၇သိန်း ဝန်းကျင်နဲ့ ဆက်စပ်လုပ်ငန်းတွေမှာ အဲဒီအလုပ်သမားဦးရေရဲ့ ၂ဆ ဝန်းကျင်လုပ်ကိုင်နေတယ်လို သိရပါတယ်။

မြန်မာ့ CMP လုပ်ငန်း အထည်ချုပ်ကဏ္ဍမှာ MGMA ရဲ့ အသင်းဝင်စက်ရုံပေါင်း ၅၂၃ ရုံရှိတဲ့ထဲက ၆၀ ရာခိုင်နှုန်းကို ဥရောပဈေးကွက်၊ ၂၀ရာဂျပန်ဈေးကွက် နဲ့ တစ်ခြားဈေးကွက်တွေကို ၂၀ ရာခိုင်နှုန်းစီ တင်ပိုနေပါတယ်။ဒါကြောင့် လုပ်သားအင်အားအများအပြားနဲ့ လုပ်ကိုင်နေတဲ့ CMP ကဏ္ဍရှိ စက်ရုံအလုပ်ရုံတွေဟာ MGMA က ဆောင်ရွက်နေတဲ့ ကျင့်ဝတ်စည်းကမ်းလိုက်နာမှု စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်ရေး ကြီးကြပ်မှုအစီအစဉ်ကို လိုက်နာဆောင်ရွက်ကြရတယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲချုပ် (ILO) က Article-33 လို ခေါ်ဝေါ်ကြတဲ့ ဖွဲစည်းပုံအခြေခံဥပဒေပုဒ်မ-၃၃ အရ မြန်မာနိုင်ငံကို အလုံးစုံပိတ်ဆိုအရေးယူဖို ဇွန်လ ၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ညီလာခံမှာ အတည်ပြု ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို သိရပါတယ်။