ဒီဆယ်စုနှစ်အကုန်မှာ သံမဏိထုတ်လုပ်ရေးကို နှစ်ဆတိုးမယ့် အိန္ဒိယရဲ့အစီအစဉ်ကြောင့် နိုင်ငံရဲ့ ရာသီဥတု ဆိုင်ရာ ရည်မှန်းချက်တွေနဲ့ သံမဏိစက်မှုလုပ်ငန်းက ဓာတ်ငွေ့ထုတ်လွှတ်တာကို လျှော့ချမယ့် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်တွေကို အန္တရာယ်ရှိလာနိုင်ကြောင်း AP သတင်းမှာ ဖော်ပြထားပါတယ်။

ကမ္ဘာအနှံ့က စွမ်းအင်စီမံကိန်းတွေ စောင့်ကြည့်လေ့လာရေးအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ အိန္ဒိယ သံမဏိထုတ်လုပ်ရေးလုပ်ငန်းအတွက် ကာဗွန်ထုတ်လုပ်မှုနည်းတဲ့ နည်းလမ်းကို ရရှိထားပြီဖြစ်တယ်လို့ ပြောကြား ထားပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ ဒုတိယအကြီးဆုံး သံမဏီထုတ်လုပ်နေတဲ့ အိန္ဒိယမှာ ကျောက်မီးသွေး အခြေခံ နည်းပညာတွေကို အကြီးအကျယ် မှီခိုအားထားနေတာကြောင့် ကြီးမားတဲ့ အခက်ခဲတစ်ခု ပေါ်လာပါတယ်။

လက်ရှိမှာ အိန္ဒိယရဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှု ၁၂ ရာခိုင်နှုန်းက ကမ္ဘာ့လေထုအလွှာထဲကို ဝင်သွားပြီး ကမ္ဘာကြီးကို ပူနွေးစေပါတယ်။ အဲဒီဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုက သံမဏီလုပ်ငန်းကနေ ထွက်လာတာ ဖြစ်ပြီး သံမဏိ ထုတ်လုပ်မှုကို တိုးမြှင့်လိုက်ရင် အဲဒီကိန်းဂဏန်းက ငါးနှစ်အတွင်းမှာ နှစ်ဆနီးပါး တိုးသွားနိုင် တယ်လို့ ကမ္ဘာအနှံ့က စွမ်းအင်စီမံကိန်းတွေ စောင့်ကြည့်လေ့လာရေးအဖွဲ့က ဆိုပါတယ်။