အိန္ဒိယနိုင်ငံကို မတ်ပဲတင်ပို့နိုင်ရေးအတွက် အိန္ဒိယနိုင်ငံအစိုးရ နဲ့ ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့မှုဟာ သိသာတဲ့ရလဒ် တစ်ခု ဖြစ်ခဲ့တယ်လို့ အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှု မြှင့်တင်ရေး ကောင်စီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင် စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောပါတယ်။နေပြည်တော်မှာ မေ (၂၂) ရက်က ကျင်းပပြုလုပ်တဲ့ အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှု မြှင့်တင်ရေး ကောင်စီ အစည်းအဝေးမှာ ပြောကြား ခဲ့တာပါ။

အမျိုးသားပို့ကုန် မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အတွက် ကဏ္ဍတွေကို ရွေးချယ်ပြီး လုပ်ငန်းစီမံချက်တွေကို ရေးဆွဲ တဲ့ အခါ သက်ဆိုင်ရာ ကဏ္ဍအလိုက် အစိုးရ-ပုဂ္ဂလိက အဖွဲ့အစည်းတွေက ညှိနှိုင်းပူးပေါင်းရေးဆွဲကြဖို့ကိုလည်း ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောပါတယ်။အဲဒီအပြင် အိန္ဒိယနိုင်ငံကို မတ်ပဲတင်ပို့ နိုင်ရေးအတွက် (၂၀၂၅) ခုနှစ် မတ်လမတိုင်မီ Open General License-OGL ရရှိရေး ၊ အိန္ဒိယနိုင်ငံအစိုးရ နဲ့ G to G ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ခဲ့တာက ကောင်စီရဲ့ သိသာတဲ့ ရလဒ် တစ်ခုဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါအပြင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ နဲ့ ပြိုင်ပွဲ ကျင်းပပေးနိုင်ခဲ့ပြီး ပြပွဲကာလအတွင်း MSME လုပ်ငန်းရှင်တွေ ပြည်တွင်း/ပြည်ပ ဈေးကွက် ချိတ်ဆက်ရရှိရေး၊ ချေးငွေရရှိရေးအတွက် ဘဏ်တွေနဲ့ ချိတ်ဆက်နိုင်ရေးတွေကို ကူညီပေးမှုတွေကြောင့် ပို့ကုန်တင်ပို့လိုတဲ့ လုပ်ငန်းရှင်တွေအတွက် အထောက်အကူကောင်းတွေရရှိခဲ့တယ်လို့လည်း ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားခဲ့ပါတယ်။