အခုနှစ်အတွင်း ထိုင်းနိုင်ငံကို အခွန်ကင်းလွတ်ခွင့်နဲ့ မြန်မာအစေ့ထုတ်ပြောင်း တန်ချိန် ၁ ဒသမ ၃ သန်းကျော် တင်ပို့နိုင်မယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းနာယက ဦးမင်းခိုင်က ပြောပါတယ်။ ထိုင်းနိုင်ငံဘက်က မြန်မာ့ပြောင်းတွေကို ဖေဖော်ဝါရီလကနေ ဩဂုတ်လကုန်အထိ ၇ လအတွင်း အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ခွင့် ပြုထားတာပါ။

အခု ၂၀၂၅ ခုနှစ်ထဲမှာ ထိုင်းအပြင် အိန္ဒိယနိုင်ငံကိုလည်း ပြောင်းတင်ပို့မှုရှိနေပြီး ပြည်ပကိုပြောင်းတန်ချိန် ၁ ဒသမ ၇ သန်းလောက် တင်ပို့မယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းနာယက ဦးမင်းခိုင်ကပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ထဲမှာ ထိုင်းကို အခွန်ကင်းလွတ်ခွင့်နဲ့ ပြောင်းတန်ချိန် ၁ ဒသမ ၉ သန်း တင်ပို့နိုင်ခဲ့ပါတယ်။

မြန်မာ့ပြောင်းကို ထိုင်း၊ ဖိလစ်ပိုင်နဲ့ အိန္ဒိယနိုင်ငံတွေကို အဓိက တင်ပို့နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း G to B စနစ်နဲ့ တင်ပို့နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ စာရင်းတွေအရ ပြောင်း ဆန်တစ်တန်ကို FOB ဈေးနှုန်းက အမေရိကန်ဒေါ်လာ၂၅၅ ဒေါ်လာကနေ ၂၆၅ ဒေါ်လာအကြားရှိပြီး ရန်ကုန် ဈေးကွက်မှာတော့ ပြောင်းဆန်လက်ကား တစ်ပိဿာကို ကျပ် ၁၇၀၀ ဝန်းကျင် ပေါက်ဈေးနဲ့ ဈေးငြိမ်နေပါတယ်။