အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အခွန် ၁၄၅ ရာနှုန်းကောက်ခံတဲ့ကိစ္စဆွေးနွေးဖို ဝါရှင်တန်ဘက်ကကမ်းလှမ်းလာတာကို ဘေကျင်းဘက်ကသုံးသပ်နေပြီး ခြိမ်းခြောက်အကျပ်ကိုင်မှုတွေမလုပ်ဖိုတရုတ်ကုန်သွယ်ရေးဝန်ကြီးက ပြောကြားလာတာကို CNA သတင်းမှာဖော်ပြထားပါတယ်။

အမေရိကန်က ထရမ့်ရဲ့ အခွန်ကိစ္စဆွေးနွေးဖိုချဉ်းကပ်လာပြီး တရုတ်ဘက်ကလည်း ဆွေးနွေးဖို
တံခါးဖွင့်ထားတယ်လို တရုတ်ကုန်သွယ်ရေးဝန်ကြီးကပြောကြားခဲ့ပါတယ်။အမေရိကန်ဘက်က
တရုတ်နဲ့စကားပြောဖို သက်ဆိုင်ရာအဖွဲအစည်းတွေကနေ သတင်းစကားပါးဖိုလုပ်ဆောင်လာတာရှိပြီး
တရုတ်ဘက်ကလည်း ဒါကိုသုံးသပ်နေတယ်လို ထုတ်ပြန်ချက်ထဲမှာပြောထားပါတယ်။ ခြိမ်းခြောက်အကျပ်ကိုင်ဖို ဆွေးနွေးအဖြေရှာတာကို ယိုးမယ်ဖွဲတာကအလုပ်ဖြစ်မှာမဟုတ်ဘူးလိုလည်းပြောထားပါတယ်။

အမေရိကန်အနေနဲ့ မှားယွင်းတဲ့လုပ်ရပ်တွေကိုပြင်ဆင်ပြီး တစ်ဖက်သတ်အခွန်တွေကို ပယ်ဖျက်ဖို
ပြင်ဆင်ထားသင့်သလို ညှိနှိင်းဆွေးနွေးရာမှာ ရိုးသားမှုပြသဖိုလိုတယ်လိုလည်း ကုန်သွယ်ရေးဝန်ကြီးကပြောကြားခဲ့ပါတယ်။အခွန်တွေကိုပြန်တုံပြန်မယ်လို ဝါဒဖြန့်ထားပေမယ့်တရုတ်က ဆေးဝါးတွေ၊မိုက်ခရိုချစ်ပ်တွေနဲ့
ဂျက်အင်ဂျင်တွေအပါအဝင် ၁၂၅ ရာနှုန်းတုံပြန်ခွန်ကနေ ကင်းလွတ်ခွင့်ပေးမယ့် အမေရိကန်ပစ္စည်းတွေကို တိတ်တဆိတ်စာရင်းလုပ်ထားတယ်လို CNA သတင်းမှာ တင်ပြထားပါတယ်။ထရမ့်ရဲ့အခွန်တွေနဲ့ပတ်သက်ပြီး တရုတ်ဘက်က မကျေနပ်ကြောင်းပြထားသလို ဒါဟာ အနိုင်ကျင့်တဲ့သဘောဖြစ်ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးရဲ့ တိုးတက်မှုကို တားဆီးနိုင်မှာမဟုတ်ဘူးလိုလည်းပြောထားပါတယ်။အခုချိန်မှာတော့ နှစ်ဖက်စလုံးက တင်းမာမှုကိုလျှော့ချပြီး ဆွေးနွေးအဖြေရှာဖို
အရိပ်အယောင်ပြနေကြတာပဲဖြစ်ပါတယ်။