ရန်ကုန်တိုင်းဒေသကြီး သီလဝါစက်မှုဇုန်မှာ ကိုရီးယားနိုင်ငံက ရင်းနှီးမြှုပ်နှံထားတဲ့ ယူဂျင်း ဘိလပ်မြေစက်ရုံ က နေ တစ်ရက်ကို ဘိလပ်မြေတန်ချိန် ၃၀၀၀ ထုတ်လုပ်ဖြန့်ဖြူးပေးနေတယ်လို သိရပါတယ်။အဲဒီစက်ရုံဟာ အမေရိကန်ဒေါ်လာ သန်း ၇၀ နဲ့ သီလဝါစက်မှုဇုန်မှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံထားတာဖြစ်ပြီး စက်ရုံက စွမ်းအားပြည့် လည်ပတ်နေပါတယ်။ ဒီစက်ရုံကနေ တစ်နှစ်ကို ဘိလပ်မြေတန်ချိန် ၁ သန်း ထုတ်လုပ် နေပြီး ရန်ကုန်ဈေးကွက်ကို အဓိကထား ဖြန့်ဖြူး နေတယ်လို အဲဒီစက်ရုံက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

နောက်ပိုင်းမှာ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့တဲ့ ဒေသတွေမှာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ အတွက် လိုအပ်တဲ့ ဘိလပ်မြေကို ဖြည့်ဆည်းပေးနိုင်ဖို ဆောင်ရွက်နေတယ်လို ဆိုပါတယ်။ယူဂျင်းဘိလပ်မြေစက်ရုံကနေ ဘိလပ်မြေထုတ်လုပ်ဖိုအတွက် ကုန်ကြမ်းတွေကို ပြည်တွင်းပြည်ပကနေ ဝယ်ယူ ဆောင်ရွက်နေတာဖြစ်ပြီး ပြည်တွင်းက ဝယ်ယူရရှိတဲ့ကုန်ကြမ်းတွေက နှစ်စဉ်ထုတ်လုပ်နိုင်တဲ့ ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။

ငလျင်ဖြစ်ပွားပြီးနောက် ပြည်တွင်းက ကုန်ကြမ်းရရှိမှု လျော့နည်းနေပြီး ဈေးကွက်အတွင်း ဘိလပ်မြေ ရှားပါးမှုကို ဖြည့်ဆည်းနိုင်အောင် ပြည်ပကတင်သွင်းဖို စီစဉ်နေကြောင်းနဲ့ ကုန်ကြမ်းကို လွယ်လွယ်ကူကူ တင်သွင်းနိုင်ရင် လက်ရှိ ရောင်းတဲ့ဈေးထက် ပိုသက်သာတဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ ယူဂျင်းဘိလပ် မြေ စက်ရုံက ထုတ်လုပ်တဲ့ ဘိလပ်မြေ တစ်အိတ်ကို စက်ရုံအထိုင်ဈေး ကျပ်၂၄၀၀၀ နဲ့ ရောင်းချ နေတယ်လို သိရပါတယ်။ပြည်တွင်းမှာ နှစ်စဉ် ဘိလပ်မြေလိုအပ်ချက်က တန်ချိန် ၁၀ သန်းကျော် ရှိပြီး ပြည်တွင်းမှာ ၈ သန်းသာ ထုတ်လုပ် နေပြီး ကျန်လိုအပ်ချက်ကို ပြည်ပကတင်သွင်းနေရပါတယ်။